ကျွန်မမျက်၀န်းတွေဟာ သူမရဲ့ခြေသလုံးသား၀င်း၀င်းမှာ အချိန်အတန်ကြာအောင် ငြိတွယ်နေခဲ့တယ်။ ခွာအနည်းငယ်မြင့်တဲ့ထိပ်ပိတ်ရူးဖိနပ်သံတွေဟာ သူ့ခြေဖဝါးတွေမြေပြင်ကနေကြွတက်လိုက်တိုင်း တစ်ချက်ချင်းစီ ကျွန်မနားထဲ ကြားယောင်နေခဲ့တယ်။နောက်ဆုံးတော့ သူမစီးနင်းလိုက်ပါသွားခဲ့တဲ့ကျောင်းကားကြီးကို ကျွန်မငေးကြည့်နေမြဲ။
"ပီ...ပီ...ပီ..."
ဟွန်းတီးသံကြောင့် ကျွန်မအာရုံတွေက ဖျတ်ခနဲနိုးကြားသွားရတယ်။ ကြည့်လိုက်တော့ ကျွန်မကိုလာကြိုနေတဲ့ ကျောင်းကားရောက်နေပြီ။ သူမကိုလာကြိုတဲ့ကျောင်းကားလောက်မမြင့်ပေမယ့် အနောက်ဖွင့်light truckကားဖြစ်တာမို့ကျွန်မဟာသူမလို ကြွကြွရွရွလေးတော့ ကားပေါ်မတက်နိုင်ခဲ့။ အဲ့တုန်းကကျွန်မအသက်၁၂နှစ်။
တကယ်တော့ ကျွန်မတို့အိမ်နဲ့ မျက်စောင်းထိုးတိုက်မှာနေတဲ့ သူမကို စသတိထားမိတာအတော့်ကိုကြာပြီ။ သေချာမမှတ်မိဘူးဆိုရင်တောင် အနည်းဆုံးတစ်နှစ်လောက်ရှိနေပြီ။ တရုတ်မလေးဖြစ်တဲ့ သူမဟာ အသားကစွတ်စွတ်ဖြူပြီး မျက်ပေါက်ကျဉ်းကျဉ်းလေးနဲ့။ မျက်လုံးကျဉ်းရင် မလှဘူးလို့ အများတကာရဲ့ ဆိုရိုးဟာ သူမရဲ့အကြည့်တစ်ချက်အောက်မှာ ချေဖျတ်ပြီးသားဘဲ။ရွယ်တူဖြစ်တာတောင် အနည်းငယ်ထွားတဲ့သူမရဲ့ခန္ဓာကိုယ်ကြောင့်အမေတို့ လူကြီးတွေအခေါ်အရဆို သူမကအပျိုဟန်ပေါက်တယ်ပေါ့။
သူမက ကျွန်မတို့နဲ့ မတူဘဲ International school တက်တဲ့သူ ဖြစ်တာကြောင့်လားမသိ။ နည်းနည်းမာနကြီးတယ်လို့တခါတလေ ကျွန်မ ယောင်ချာချာနဲ့ တွေးမိတယ်။ ကျွန်မတို့ တခြားလမ်းထဲက ကလေးတွေနဲ့ လမ်းမပေါ်မှာ ဖုန်အလူးလူးနဲ့ဆော့ကစားနေချိန် သူမက သူ့တိုက်ခန်း၀ရံတာကနေသာ ရံဖန်ရံခါ ငေးကြည့်တယ်။တခါတလေ အမှတ်မထင် ကျွန်မသူ့အိမ်ကိုမော့ကြည့်မိရင် သူမနဲ့ရံဖန်ရံခါ အကြည့်ချင်းဆုံမိတယ်။ အဲ့လိုအချိန်မျိုးတွေဆိုရင် သူကမျက်နှာကိုဖျတ်ခနဲလွှဲပြီး အိမ်ထဲကို ချက်ချင်းအိမ်ထဲ၀င်သွားတော့ဘဲ။ ဪ။သူ ကျွန်မနဲ့ သူငယ်ချင်း မလုပ်ချင်ဘူးထင်ပါရဲ့...။
YOU ARE READING
ကြယ် ၁၅၀၀ - ၾကယ္ ၁၅၀၀
Short StoryUnicode Version: မေ့မျက်၀န်းတွေ တောက်ပသွားသလို ခံစားလိုက်ရတယ်။ဒီစကားဟာ မေ့ကိုရှေ့ဆက်တိုးဖို့ခွင့်ပြုပေးလိုက်သလို ဖြစ်နေမယ်လို့ မတွေးမိခဲ့ဘူး။ ဒါဟာ မေပြောသလို ခပ်တုံးတုံးခပ်အအ ကောင်မလေးတစ်ယောက်ရဲ့ မသိတတ်နားမလည်ခြင်းဘဲ ဖြစ်လိမ့်မယ် ထင်တယ်။ Zawgyi Ver...