ချစ်သော ဒီဇင်ဘာ(Dear December)-2

4.8K 376 2
                                    


ဒီနေ့မနက်ပိုင်း ဂျောင်ကု အရင်လိုပဲ ကော်ဖီခါးခါးတစ်ခွက် သောက်ရင်း မတ်တပ်ရပ်ကာ ဆိုင်အတွင်းဘက် မှန်နံရံကနေ အပြင်ဘက်ကို ငေးကြည့်နေမိတယ်။ သူကြည့်နေရင်း အပြင်မှာ နှင်းတွေကျလာတယ်။ ဒီနေ့က ပထမဆုံးနှင်းကျတဲ့နေ့ပဲ။ ကျနေတဲ့ နှင်းဖွဲဖွဲလေးတွေကိုကြည့်ရင်း သူ့အတွေးတွေကို ဒီဇင်ဘာနဲ့ စတွေ့ခဲ့တဲ့ အတိတ်တစ်ခါဆီ ပြန်လည်ဖြန့်ကျက်မိတယ်။
...
..
.

ဂျောင်ကု သူ့ရဲ့ Coffee ဆိုင်လေး ဖွင့်ပြီးတာနဲ့ ထုံးစံအတိုင်း Counter မှာထိုင်ပြီး စာဖတ်နေတယ်။ ခဏကြာတော့ ဆိုင်တံခါးကို တွန်းဖွင့်သံကြားတာမို့ ကြိုဆိုပါတယ် ပြောရင်းထလိုက်တယ်။ မော့ကြည့်မိတော့ အညိုရောင်ခေါင်းစွပ် အနွေးထည်ပွပွကြီးကို ဝတ်ထားပြီး နှာခေါင်းထိပ်လေးက နီရဲနေတဲ့ ကောင်လေးငယ်ငယ်လေး တစ်ယောက် သူ့ကို ရယ်ပြနေတယ်... လေးထောင့်အပြုံးလေးနဲ့။

"ဘာအလိုရှိလို့လဲ ကောင်လေး "

"ဟီး အပြင်မှာ နှင်းတွေ အရမ်းးကျနေလို့ အေးလို့ ခဏ ဝင်လာတာပါ"

အင်း ဟုတ်သားပဲ ပထမဆုံး နှင်းစကျတဲ့နေ့ပဲ။ ကြည့်ရတာ ကောင်လေးက သတင်းနားမထောင်ထားဘူးထင်တယ်။ အအေးဒဏ်ကို သိပ်မခံနိုင်တဲ့ အနွေးထည်ပွပွနဲ့ ဘောင်းဘီပွပွသာ ဝတ်ထားတယ်။

"အင်း ဘာမှာဦးမလဲ ကောင်လေး"

"သောက်စရာက ကော်ဖီပဲ ရတာလား ကျနော်က ကော်ဖီ မကြိုက်ဘူးမို့"

"ဟုတ်နေပါပြီ ကော်ဖီဆိုင်လေ ဒါပေမဲ့ နို့နဲ့ Hot Chocolate လည်းရတယ် သောက်မလား"

"ဟုတ် အစ်ကို ကျနော် Hot Chocolate တစ်ခွက်နဲ့ Strawberry Cake တစ်ခုယူမယ်နော်"

"အင်း ခဏလေးစောင့် ထိုင်စားမှာမလား"

"ဟုတ် ဒီလောက်အေးနေတာ အပြင်ပြန်မထွက်ချင်သေးဘူး"

သူ့ကို ပြန်ဖြေရင်း ‌အရှေ့ဘက်က ထောင့်စားပွဲလေးမှာ သွားထိုင်နေတယ်။ကောင်လေးက နှင်းကျနေတာကို ကြည့်လိုက်  သူ Chocolate ဖျော်နေတာကို ကြည့်လိုက် သူ့ဘာသာသူ ပြုံးလိုက်နဲ့ တယောက်တည်း သဘောကျနေတာ။  သူ အမြန်ပြင်ဆင်ပြီး သွားချပေးတော့

ချစ်သော ဒီဇင်ဘာ(Dear December) /Rewriting/ #CompletedOpowieści tętniące życiem. Odkryj je teraz