Last Christmas

4.5K 454 23
                                    

{Unicode Version}

2020.12.25

Last Christmas I Gave You My Heart~
But The Very Next Day You Gave It Away~

"ကွာရှင်းကြရအောင်ပါ "

ဆိုဖာမှာခြေချိတ်ထိုင်ရင်း ဆေးလိပ်တိုတိုကို ဟန်ပါပါ
သောက်ရင်း ဘာမှဂရုမစိုက်တဲ့ပုံနဲ့ ပြန်မေးတာက
ရှောင်းကျန့်ဆိုတဲ့လူသား။

"အကြောင်းပြချက်လေး"

"ခင်ဗျား ကျွန်တော့ကိုအထင်သေးတယ် .... ပြီးတော့
ခင်ဗျား ဒီပုံစံကိုလည်း ခင်ဗျားပြန်ကြည့်ပါဦး "

လတ်တလောဖြစ်နေတဲ့ရှောင်းကျန့်ပုံစံကတော့ မုတ်ဆိတ်မွှေးတွေတောင်ထွက်လို့ အရက်ရောဆေးလိပ်ပါသောက်‌
နေတာပါပဲ။

"ကောင်းပြီလေ မနက်ဖြန် တရားရုံးမှာတွေ့ကြမယ် ..
ငါ့အတွက်လည်းကောင်းပါတယ် မင်းလိုပိုက်ဆံမျက်နှာ
တစ်ခုပဲ ကြည့်တဲ့ကောင်နဲ့ တစ်သက်တာဝေးရမှာ"

ပြောလိုက်ရပေမယ့် စိတ်ထဲကပါမနေပါ။ တကယ်တမ်း
ကျ သူဒီကောင်လေးကိုဘယ်လောက်ချစ်တယ်ဆိုတာသူ
သာအသိဆုံး လက်မလွှတ်ပေးချင်ဘူး။ ရှောင်းကျန့်ကမာ
နကြီးပါတယ် ။ သူ့ဘက်က ခါးသီးနေမှတော့ ကိုယ့်ဘက်
ကလည်း ထပ်တူတုံ့ပြန်မှုပေးလိုက်ရုံပါပဲ။

ဒီနေ့က Christmas နေ့ ဒီဇင်ဘာ၂၅ရက်...
မနှစ်ကဒီလိုချိန်မှာပဲ သူတို့ချစ်သူတွေဖြစ်ခဲ့ကြပြီး
သိပ်မကြာခင်မှာပဲ လက်ထက်ခဲ့ကြတယ်။
သူတို့တွေ အတူတူတစ်အိမ်တည်းနေပြီး အတူတူပျော်
ခဲ့ကြတယ်။ ချစ်ခဲ့တယ်။

အခြေအနေတွေကတော့ ကွာတယ်။

2019.12.25

ဒီဇင်ဘာလ နှင်းတွေတဖြိုင်ဖြိုင်ကျနေတဲ့ ပေကျင်း
မြို့လည်ခေါင်မှာ ခရစ်စမတ်နေ့မို့ တစ်မြို့လုံးနီးပါး
အနီနဲ့ အစိမ်းရောင်တွေ က လွှမ်းမိုးလို့ထားပါတယ်။
နှင်းဖြူဖြူတွေကျနေတဲ့ ကြားမှာကောင်လေးနှစ်ယောက်
ရဲ့ အချစ်ကလည်း လှပလို့နေတယ်။

ခရစ်စမတ်သီချင်းခပ်အေးအေးလေးက‌လည်း ပျံ့လွင့်
လို့ ။ ‌မြေပြင်မှာလည်း နှင်းဖြူဖြူတွေသာ နေရာယူ
လျက်ရှိတယ်။

"ကိုယ့်ချစ်သူဖြစ်ပေးပါ။ ကိုယ့်ဘေးမှာတစ်သက်လုံးနေ
နေသွားပါ။ ပြီးတော့ ကိုယ့်ကို အားကိုးလိုက်ပါ ကိုယ်
မင်းနဲ့ချစ်သူဖြစ်ချင်တယ် လက်ထက်ချင်တယ် ဒီခရစ်
စမတ်က စလို့ နောက်နှစ်တွေတိုင်း မင်းနဲ့ပဲ တူတူဖြတ်
သန်းချင်တယ်"

Last Christmas[Zhanyi/Two shots]Where stories live. Discover now