"မနက်ခင်းလေးမှာ နိုးလာခဲ့..
အရင်ဆုံး မုန့်ကိုစားပါမယ်..ဟိ..ဟိ"တစ်နေ့တာလုံးက Holiday ဆိုသော အသိဖြင့် ပန်းသခင်၏ စိတ်အစုံက ပျော်ရွှင်ကြည်နူးနေပါသည်။ စာမေးပွဲကြီး ပြီးသွား၍ နေ့ရက်တိုင်း Holiday ရနေတယ်လို့တော့ မထင်လိုက်ပါနဲ့။ အလုပ်မရှိရင် မြက်ပင်ထိုင်နှုတ်၊ အားရင် စာဖတ်၊ စာမှတ်၊ စာလေ့လာ ဆိုတဲ့ အစ်ကိုမျိုးရထားတော့ ပန်းသခင်ဘဝက တီချိုကြည့်နေကြ ကိုရီးယားဇာတ်လမ်းထဲက မင်းသမီးတွေလို ဖြစ်နေပါသည်။ Monday to Friday က မဟာမြိုင်မှတ်တိုင်ရှိ KMD ရုံးတွင် Computer Basic တက်ရသည်။ Computer သင်တန်းမှ ဆင်းပါက ရှေ့လမ်းရှိ GETC English ကျောင်းတွင် English 4 Skill ဆက်တက်ရပါသည်။ စနေ နေ့ဆိုလည်း AC (American Center) ရှိ Library တွင် စာလေ့လာရပါသေးသည်။
အို...ပူဝါး ပန်းသခင်။ ပန့်ရဲ့ Freedom Day ကတော့ စူပါဆန်ဒေး တစ်ရက်သာရှိ၍ ယခုလို ကခုန်မိမတက် ပျော်ရွှင် ကြည်နူးနေခြင်း ဖြစ်သည်။ဝတ်ထားသည့် စပန့်ဘောင်းဘီရှည်အား အထိုင်မတုပ်စေရန် အပေါ်သို့ဆွဲမကာ ထိုင်ခုံပေါ် ဒူးထောင် ထိုင်လိုက်သည်။ စားပွဲထက်ရှိ မြန်မာမုန့်မျိုးစုံအား ကြည့်၍ ပန်ပန် မျက်လုံးများ ကွေးနေအောင် ပြုံးလိုက်သည်။
"ပန်ပန်..ညီမလေး.."
ဘိန်းမုန့်အချပ်အား ပါးစပ်ထဲ ထည့်ခါနီးမှာတင် ကိုကိုက ချိုသာသော အသံဖြင့် ပန့်ဆီရောက်လာသည်။
"ဘာတုန်း..ကိုကိုနော်..ဒီနေ့ ပန့် နားရက်"
"သိပါတယ်..ပန်ရဲ့..ကိုကို့ကို တစ်ခု ကူညီပါဦး"
စုံထောက်တစ်ယောက်..ရှေ့နေ့တစ်ယောက်လို အကြည့်မျိုးဖြင့် ပန်ပန်က ရာဇာ့အား ကြည့်သည်။
"ကိုကို့ကို ပန်တို့ ဆော့နေတဲ့ ဂိမ်းဆော့နည်း သင်ပေးပါလား"
"ဟမ်..PUBG..?"
"အင်း သေနတ်ပစ်ကြတာလေ.."
"ကိုကိုမှ ဂိမ်းဆော့တာ ဝါသနာမပါတာ"
ပန်ပန်မေးတော့ ရာဇာ ခေါင်းကုတ်ရသည်။ ဟုတ်ပါတယ် ဂိမ်းဆို သကြားလုံးဂိမ်းပင် သူမဆော့ပါ။ ဝါသနာလည်း မပါ။ သို့သော် ဒူးနေရာ ဒူး၊ စူးနေရာ စူး၊ ဆောက်နေရာ ဆောက် သလိုပေါ့။
သူ့နေရာနှင့်သူ လုပ်သင့်တာကိုတော့ လုပ်ရမည်။ သူမေးလိုက်တဲ့ PUBG ဆိုသော ဂိမ်းသည် အုပ်စုဖွဲ့၍ ကစားကြသော ဂိမ်းဖြစ်သည်။ တစ်ခါတစ်လေတွင် ပန်ပန်နှင့် မာန်ပြည့်က အတူဖွဲ့၍ ကစားလေ့ရှိသည်။ သူကတော့ ဘေးတွင် ဟိုလေ့လာ ဒီလေ့လာ လုပ်နေတတ်ပါသည်။ သို့သော် ဒီရက်ထဲ မာန်ပြည့်နှင့် အတူတွဲဆော့နေတတ်သည့် ကောင်မလေးတစ်ယောက် ရှိသည်။ ဘယ်သူဘယ်ဝါရယ်လို့ မသိသော်လည်း တစ်ဖက်အသံ တစ်ဖက်ကြားရသော ထိုဂိမ်းမှ ထွက်လာသည့် ထိုကောင်မလေးအသံက ရာဇာ့အတွက် နားဝင်မချိုပါ။ "မာန်..တို့ကို လာကယ်ပါဦး" "မာန် တို့ကို သေနတ်ပေးပါဦး" စသည့် စသည့် အသံများကို ညစဉ်ကြားရသောအခါ မာန်ပြည့်ချစ်သူ တစ်ယောက်အနေဖြင့် အပြည့်အဝ သဝန်တိုနေရပါတော့သည်။
ESTÁS LEYENDO
အိမ်ပြေး , အိမျပွေး { Z + U } Complete
Novela JuvenilZawgyi ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စေသလဲဆိုတာ။ Unicode ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စ...