Poliana က စိတ်ဝင်စားဖို့ကောင်းနေတာကို Sir Ainno က သိလိုက်သည်. ဘယ်လိုတောင် ထူးဆန်းတဲ့အမျိုးသမီးလဲ!
Lucius က ဒီတိုက်ကြီးတခုလုံးရဲ့ တဦးတည်းသော အုပ်ချုပ်သူဖြစ်သည်. သူက အချောမောဆုံး အမျိုးသားတစ်ယောက်လဲဖြစ်ကာ သူက သူမကို အချိန်တိုင်း အထူးအလေးပေးဆက်ဆံခဲ့သည်. ဒါတောင် သူမက သူနဲ့ပတ်သက်ပြီး ဘာခံစားချက်မှမရှိတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
သူမက သူ့ကို ယောက်ျားတစ်ယောက်အဖြစ်မမြင်တာကြောင့် ဖြစ်နိုင်ပေမဲ့ တစ်ခါတစ်လေတော့ သူမအနေနဲ့ တစ်ခုခုခံစားသင့်တယ်မဟုတ်လား? သူမကို သူပြုံးပြတိုင်း သူမနှလုံးခုန်တာရော မမြန်သင့်ဘူးလား?
ဧကရာဇ်ရဲ့ အချစ်ဦး ဒါမှမဟုတ် အချစ်ဦးဖြစ်လုနီးပါး မိန်းမငယ်လေးတစ်ယောက်ကို Sir Ainno က အမှတ်ရလိုက်သည်. Lucius က သူမကို သူများတွေထက်ပိုပြီး နည်းနည်းလေး ခွဲခြားဆက်ခံလိုက်တာနဲ့ သူမက သူမကိုယ်သူမ Acreia ရဲ့ ဧကရီတစ်ပါးလို ပြုမူလာတော့သည်. Lucius က သူ့ခံစားချက်တွေကို သေချာထုတ်ပြခဲ့တာမျိုးတောင် မဟုတ်ခဲ့ပေ. သူက တခြားမိန်းကလေးတွေထက် သူမကို အနည်းငယ်သာ ပိုပြီး ကောင်းကောင်းဆက်ဆံခဲ့တာဖြစ်သည်. တကယ်တော့ အဲ့တုန်းက Sir Ainno ကို ဆက်ဆံတာက ထိုမိန်းကလေးကို ဆက်ဆံတာထက်တောင် ပိုကောင်းသေးသည်. ဒါပေမဲ့ အဲ့အချိန်တုန်းက ဒီမိန်းကလေးက Lucius က သူမကို စိတ်ဝင်စားနေတယ်ဆိုတာကို လျင်မြန်စွာနဲ့ ရိပ်မိသွားသည်. တခြားသူတွေကလဲ သတိထားမိကာ သူတို့က သူမကို ပိုပြီး ကောင်းကောင်းဆက်ဆံတော့သည်.
Lucius က Poliana Winter ကို ဆက်ဆံတဲ့ပုံစံကတော့ နှိုင်းယှဉ်စရာတောင် မရှိပေ. သူမအပေါ် သူ့ရဲ့ အထူးစိတ်ဝင်စားမှုနဲ့ ချစ်ခင်မှုကို Sir Ainno တောင် သိနိုင်ပေမဲ့ Poliana ကတော့ သိပုံမရပေ. ဧကရာဇ်ရဲ့ အချစ်က ဒီသွေးအေးတဲ့အမျိုးသမီးရဲ့ နှလုံးသားကို ဖမ်းစားဖို့ မလုံလောက်လို့လား?
Sir Ainno က သူမကို စိုက်ကြည့်နေတာကြောင့် Poliana က သူမလည်ပင်းတွေကို နှိပ်နယ်နေသည်. သူ့ကို သူမ တစ်ခုခုပြောရမယ်ဆိုတာ သိပေမဲ့ ဘာပြောရမလဲ မသေချာပေ. Poliana က အဝေးဘက်ကိုလှည့်ကာ သူ့ရဲ့ သတို့သမီးအသစ်နဲ့ကနေတဲ့ Lucius ကို ကြည့်လိုက်သည်. ဧကရာဇ်က တခြားသတို့သား အသစ်စက်စက် တွေလို ပျော်ရွှင်နေပုံမရပဲ ဆုံးဖြတ်ချက် ပြတ်သားနေပုံသာရသည်.
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/