[Unicode]
အခုဆို ထယ်ယောင်း နဲ့ ဂျောင်ဂု ကလည်း
အရင်ကထက်ပိုပြီးရင်းနှီးလို့လာပြီ ။ တစ်ယောက်နဲ့
တစ်ယောက် စိတ်တင်စားနေကြတာ အနည်းနဲ့အများ
ဆိုသလို မသိရုံသာရှိမယ် အတိုင်အဖောက်ညီကြတယ် ။
ဂျောင်ဂု ကတော့ ထယ်ယောင်း လာချွဲတိုင်း ပြုံးပြုံကြီးနဲ့
ချစ်မဝဖြစ်နေရတာ ။ပြီးတော့ သူ့ချစ်ရသူကိုခေါ်တဲ့နာမ်စားလေး ။ တစ်နေ့နဲ့
တစ်နေ့ ထယ်ယောင်း မျက်နှာလှလှကိုကြည့်ရင်း သူအမြဲ
စဉ်းစားနေခဲ့မိတာလေး ။ သူတို့ရဲ့အိမ်ထောင်သည်ဘဝကို
အမြဲစိတ်ကူးယဉ်နေခဲ့ဖူးတယ် ။ လက်တောင်မထပ်ရသေး
ပေမယ့်လို့ပေါ့ ။ အချစ် ၊ ချစ်ဆုံး ဒါ ထယ်ယောင်း
အတွက် နှလုံးသားထဲကလာတဲ့ နာမ်စားပဲ ။ အချစ် ဆိုတဲ့
အရာက ဂျောင်ဂု အတွက် ကင်မ်ထယ်ယောင်း ဆိုတဲ့
လူသားငယ်အပေါ် ပုံပြီးပေးအပ်ထားလိုက်ပြီ ။ အခြား
တစ်ယောက်ကို ချစ်ခြင်းတွေခွဲဝေပေးဖို့ဆိုတာ လုံးဝ
ဖြစ်လာမှာမဟုတ်သလို သူလေးအတွက်ပဲရှိနေပြီး
တစ်စတစ်စတိုးလာမယ့်အချစ်တွေ ။ မောင် ၊ မောင်တဲ့ ...
အချစ်ရဲ့ပန်းဆီရောင်နှုတ်ခမ်းလေးက သူ့ကိုသာ
မောင် လို့ခေါ်ခဲ့မယ်ဆိုရင် ။ သူတကယ်ရူးမတတ်
ပျော်ရွှင်ပြီး ကြွေသွားရလိမ့်မယ်ထင်တယ် ။ ကိုယ့်ထက်
အကြီးဆိုပေမယ့် ဒီလိုကလေးဆိုးလေးကိုချစ်ရတာ
အပျော်ကြီးပျော်စရာကောင်းသား ။အမြဲတွေးတောနေခဲ့တာ ။ စိတ်ကူးထဲမှာသိပ်မထားတတ်တဲ့
ဂျောင်ဂု ကအခုဆို ထယ်ယောင်းရဲ့အမေ နဲ့ဟိုနေ့က
ဒယ်ဂူ ကိုတိတ်တိတ်လေးသွားတွေ့တယ် ။ ဘာလုပ်တာလဲ
ဆိုရင် ရှင်းနေတာပဲလေ ။ သားကိုသွားတောင်းတာ ။
အဆင်ပြေလားဆိုတော့ အင်းးးမ် ပြန်လာတော့ ပါလာတဲ့
လက်ဆောင်အထုပ်ကြီးအထုပ်ငယ်တွေကိုပဲကြည့် ။ကိုယ့်လိုခပ်ငယ်ငယ် သန်သန်မာမာ တောင့်တောင့်ဖြောင့်ဖြောင့် ကောင်လေးတစ်ယောက်ကို
စိတ်ဝင်စားနေပြီး ဟန်ပိုမူရာတွေပိုနေတဲ့ ကောင်လေးက
ဖွင့်ပြောဖို့ရောအစီအစဉ်ရှိပါ့မလား ။ ဂျွန်ဂျောင်ဂု က
တအားကြီးလည်းစိတ်ကူးယဉ်တတ်တဲ့ကောင် မဟုတ်ဘူး ၊
အခုဆိုရင်ပဲကြည့် လက်စွပ်ကအစ ၊ နေရာအဆုံး
သူဟျောင်းတို့နဲ့ အတိအကျပြင်ဆင်ထားတာ သုံးရက်လုံးလုံး
သူ့အချစ်နဲ့မတွေ့ရလို့တောင် စိတ်ကအလိုမကျဖြစ်သေး
တာတဲ့ ။
KAMU SEDANG MEMBACA
♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓
Fiksi Penggemar" မောင့် ကိုချစ်တယ် " " မောင့်အချစ်ကိုပိုချစ်တယ် " 🍓 " မောင့် ကိုချစ်တယ် " " မောင့်အချစ်ကိုပိုချစ်တယ် " 𝙸 𝚕𝚘𝚟𝚎 𝚢𝚘𝚞 𝚖𝚘𝚛𝚎 𝚝𝚑𝚊𝚗 𝚢𝚎𝚜𝚝𝚎𝚝𝚍𝚊𝚢 𝚋𝚞𝚝 𝚕𝚎𝚜𝚜 𝚝𝚑𝚊𝚗 𝚝𝚘𝚖𝚘𝚛𝚛𝚘𝚠 ☘︎ Warning - Male Pregnant / Married li...