"သားငယ်...?'' မရောက်တာကြာပီဖြစ်သော ကိုယ့်အိမ်ကို ပြန်လာသောကြောင့် ထူးထူးဆန်းဆန်းခေါ်နေမိသည်။
"မား....''လွမ်းသော မျက်ဝန်းများစွာဖြင့် bunnyတစ်ယောက် အပြေးလေးလှမ်းကာ ဖက်လိုက်သည်။
"အခုမှပဲ ေပါ်လာတော့တယ် သားငယ်ရယ်..'' မားမားပြောသည်ကို မျက်နှာလေးက ပြုံးဖြီးဖြီးလေးလုပ်နေကာ အသက်သာကြီးသွားပေမဲ့ အခုထိ ကလေးပုံစံအကျင့်က မပျောက်တေးပေ။
"မားမားကလဲ သားမှ ပြန်မလာဖစ်တာ ဒါတောင် ဒီနေ့ အကို မင်းစက် ရောက်ချလာလို့....''"ဟုတ်ပါပီကွယ်...''
"အော်...ဒါနဲ့ ကြီးခင်ကော... ''
"ရှိပါတယ်......။အခုမှအိမ်ကို လာလွမ်းနေတယ်ပေါ့လေ လူဆိုးလေး..''
"ဟီးဟီး...'' သားအမိနှစ်ယောက် အခုမှတွေ့ပီး စကားတွေပြောစရာများနေကြတော့ အနောက်က အထုပ်တွေနဲ့ အခုထိ မထိုင်ပဲ ဒီအတိုင်းကြည့်နေသော ရှိုင်းဝေခ။ မှုန်ကုတ်ကုတ်ဖြင့် သူ့ကိုကြ အဖတ်မလုပ်တော့ဘူးဆိုသော မျက်နှာဖြစ်နေသည်။ ယောက္ခမနဲ့တောင် ပြိုင်ပီး စိတ်ကောက်ပြနေတာက ထိန်းမနိုင်ပေ။
"အဟမ်း... အမေ...'' အသံပေးလိုက်တော့မှ bunnyကော အန်တီမေကော ရှိုင်းဝေခပါမှန်း သတိရသွားတော့သည်။
"အော်... သားပါတာကို မေ့တာ..။ ထိုင်လေကွယ်... မသိတဲ့သူလဲ မဟုတ်ပဲနက်..''
"ဟုတ်ကဲ့ အမေ..။ ဒါနဲ့ ဒီနေ့ companyမသွားဖစ်ဘူးလား..''
"အင်း...အဲ့လိုပဲ ပြောရမှာပေါ့ ။ သားငယ်လာမယ်လို့ သားမင်းစက်က ဖုန်းဆက်တာနဲ့ အန်တီလဲ အိမ်မှာပဲ နေလိုက်တော့တာ...''
"Aww....အဲ့လိုလဲ အဆင်ပြေပါတယ် နောက်ပီ အမေလဲ နားနားနေနေနေတော့လေ။ အသက်လဲ ရလာပီကို။ ဒီက သားငယ်လေးနဲ့အတူ ကျွန်တော်လဲ ဦးဆောင်ပေးမှာပေါ့..။''
"ဒါတော့လဲ ဒါပေါ့ အန်တီလဲ စိတ်မချသလိုဖစ်နေလို့ပါ။ တစ်လျှောက်လုံး ကလေးလေးလို ဆိုးပီး ကြီးပျင်းလာတော့။ မျက်လုံးထဲမှာ အူဝဲပေါက်စလေးပဲ မြင်နေတာ...''

ESTÁS LEYENDO
Invisible love (Uni+zawgyi)(complete)
Romanceမိန်းကလေးတွေကိုပဲ ကြိုက်လာသော ရှိုင်းဝေခတစ်ယောက် ချစ်စရာသဖွယ် နုနုယွယွဆန်သော bunnyနဲ့ တွေ့တဲ့အခါမှာ သူ့ကို သူ လက်ခံနိုင်မှာလား... တစ်ဖက်မှာလဲ ပန်စီဆိုသော မိန်းကလေးဟာ bunnyနဲ့ ငယ်ငယ်ခတည်းက ပေါင်းသင်းလာသော မောင်နှမလိုဖစ်နေသော သူငယ်ချင်း။ ငယ်ငယ်ကတည်းက...