အခန်း -၂

41.3K 3.2K 74
                                    


《Unicode》

"ဘုန်းမြတ်‌ေဇယျာ" ဟူသောအနှီသူကြီး။
သူကြီးဟုဆိုရသော်လည်း ထင်သလောက်တော့အသက်မကြီးသေးပေ။နှစ်ဆယ့်ရှစ်နှစ်သာရှိသေးသည်။ထို့ကြောင့်လည်း ရွာသူရွာသားများအားလုံးကလည်း သူကြီးလေးဟုတလေးတစားခေါ်ကြလေသည်။

ဘုန်းမြန်ဇေယျာ၏အဖေဖြစ်သူ ဦးကျော်ဇေယျမှာလည်း သူကြီးတစ်ဦးပင်ဖြစ်လေသည်။သို့သော်ငြားလည်း ဘုန်းမြတ်ဇေယျာမှာ သူကြီးဟူသော်ရာထူးအား ရွာသူရွာသားများ၏ သဘောတူညီချက်နှင့် အညီတရားမျှမျှတတ ဝင်ရောက်ယှဉ်ပြိုင်ပြီးမှသာရရှိခဲ့ခြင်း ဖြစ်သည်။
အသက်ငယ်ရွယ်သည်ဟု ဆိုရသော်လည်း အသက်အရွယ်နှင့်မလိုက်အောင် တည်ငြိမ်ရင့်ကျက်ကာ ပြဿနာများအားတည်ငြိမ်အေးချမ်းစွာဖြေရှင်းနိုင်သူ ဖြစ်လေသည်။ရွာသူရွာသားများအားလုံးကလည်း ချစ်ကြောက်ရိုသေရသူတစ်ဦးလည်း ဖြစ်သည်။

မေသော်တာဟူသော အစ်မအရင်းတစ်ယောက်သာရှိလေရာ။ချောမောလှပသောကြောင့် ရွာမှကာလသားများအားလုံး၏ နှစ်ခြိုက်မှုကား ဘုန်းမြတ်ဇေယျာအတွက် စိတ်မအေးစရာတစ်ခုပင်ဖြစ်လေသည်။မတော်တရော်နှင့် အကြောင်းပါသွားမည်စိုးသောကြောင့်ပင်။

အဖေနှင့်အမေမှာလည်း အသက်အရွယ်တစ်ခုသို့ရောက်နေပြီဖြစ်သောကြောင့် တစ်ဦး‌တည်းသောအစ်မအား စောင့်ရှောက်ရမည်မှာ ဘုန်းမြတ်ဇေယျာ၏တာဝန်ပေဖြစ်ပေတည်း။

>>>>>>

" မေမေ သားသားလေမမသော်တို့အိမ်ကို သွားချင်တယ်လို့ နော်... နော်.... နော်....လို့ "

ဒေါ်လှရီနှင့် ဦးခင်မောင်တို့မှာ...ထမင်းစားနေရင်းချွဲနေသောသားကြောင့် ပြုံးရပြန်သည်။

" သားရယ် သွားချင်လည်းသွားပေါ့ ...ဒါပေမဲ့ ..ဘုန်းမြတ်ကိုတော့သွားမရှုပ်နဲ့နော်
ဟိုကဖြင့် စိတ်တိုတိုနဲ့ထိပ်တုံးခတ်ထလိုက်အုံးမယ်...အဲ့တော့မှအဖေကယ်ပါအမေကယ်ပါလုပ်လို့မရဘူးနော် သားငယ်ကြားလား "

ပစ်တိုင်းထောင်လည်းဘုန်းမြတ်ဆိုသောအသံကြားသည်နှင့် နှုတ်ခမ်းဆူမျက်နှာမဲ့ကာ ...

သူကြီးကတော်(BL)Where stories live. Discover now