Part-1

44 3 0
                                    

"ဒေါက်ဒေါက်..ဒေါက်... ဒေါက်ဒေါက် ဒေါက်"

"လေးဇေရေ ...လေးဇေ ...မနှိုးသေးဘူးလား  ... ထတော့လေ ဒီမှာတူချောလေးလာလည်နေတာကို ထနှူတ်ဆက်ပါဦး... ဘာလို့အဲ့ဒီလောက်တောင်အိပ်ပုတ်နေရတာလဲ"

အိပ်ချင်မူးတူးဖြင့်မျက်လုံးဖွင့်ကာ နာရီကိုလှမ်းကြည့်လိုက်တော့ ဇေယျာလွှမ်းထက် အိပ်ပျော်သည်မှာလေးနာရီပင်ရှိသေးသည်။ သို့သော်လည်း တံခါးကို အဆက်မပျက်ခေါက်နေသည့်တူတော်ကြောင့် ဆက်အိပ်၍ရတော့မှာ မဟုတ်ချေ။

မေမေကလည်း မနေ့က ညဂျူတီကျသည့်အကြောင်းတူတော် ကို နည်းနည်းလေးမှ ပြောပြလိုက်ပုံမရ။

မေမေပြောပြလည်း ဒီရဲသွေးထက်ဆိုတဲ့အကောင်ပေါက်လေးက မရမကနှိုးမည်ဆိုတာကို ကြိုသိနေသောကြောင့် မပြောတော့တာလည်းဖြစ်ချင်ဖြစ်မည်။

မေမေရော ဖေဖေရော မြေးဖြစ်သူကို အလိုလိုက်လွန်းအားကြီးကြသည်။

ရဲသွေးထက်ဆိုသည်မှာ ဇေယျာလွှမ်းထက်၏တစ်ဦးတည်းသောအစ်မဖြစ်သူ ခင်လွှမ်းထက်မှ မွေးထားသော သားသမီး၂ယောက်အနက် အကြီးဆုံးသားဖြစ်သည်။

အမဖြစ်သူ ခင်လွှမ်းထက်မှာ ငယ်ငယ်ရွယ်ရွယ်နှင့် ယောက်ျားယူလိုက်သည်ကတစ်ကြောင်း၊ မေမေက ကျွန်တော့်ကို နောက်ကျမှမွေးသည်ကတစ်ကြောင်း... ထိုနှစ်ကြောင်းကြောင့် တူဖြစ်သူရဲသွေးထက်နှင့် ကျွန်တော်မှာ အသက် ၆နှစ်မျှသာကွာသည်။

ဤသည်ကို အခွင့်ကောင်းယူကာ ရဲသွေးမှာ ကျွန်တော့်ကို သူငယ်ချင်းလို၊အစ်ကိုတစ်ယောက်လိုသာဆက်ဆံသည်။ 'လေးဇေ'ဟုခေါ်နေခြင်းမှာပင် ငယ်စဉ်ကတည်းက မေမေ နှုတ်ကျိုးအောင် ခေါ်ခိုင်းခဲ့သောကြောင့်ဖြစ်သည်။ မဟုတ်လျှင် 'ကိုဇေ'ဟုခေါ်မှာသေချာသည်။

တစ်ခေါက်တစ်ခေါက် အိမ်ရောက်လာလျှင်လည်း မဆော့တတ်သည့် ဂိမ်းတွေကို အတင်းသင် အတင်းဆော့ခိုင်းရုံသာမက ရံဖန်ရံခါ  'ကောင်မလေးများကို မည်သို့ချဉ်းကပ်ရမည်' ဆိုသော သင်ခန်းစာတွေပါ ပို့ချသွားလေ့ရှိသည်။

မမတို့  စောစောစီးစီး အိမ်ခွဲနေလို့သာ တော်ရာကျသည်။ မဟုတ်လျှင် ဇေယျာလွှမ်းထက် ဒီကောင်လေးကြောင့်ပင် မြန်မြန်အသက်တိုလိမ့်မည်။

You've reached the end of published parts.

⏰ Last updated: Dec 15, 2020 ⏰

Add this story to your Library to get notified about new parts!

 Khoon Is My ChlorophyllWhere stories live. Discover now