မိုးစက်အခန်းထဲပြန်ဝင်လာပြီး ခနနေတော့ ထမင်းစားဖို့ခေါင်းလောင်းတီးသံကြားလိုက်ရသည်... မိုးစက်လဲ ဗိုက်ဆာနေပြီမို့ အမြန်သွားမယ်ဆိုပြီး အခန်းဝရောက်မှ ဝသန်ကိုသတိရလို့ လှည့်ကြည့်တော့ ကိုယ်တော်က အိပ်နေတာနဲ့.....
"ဝသန်... ထ....ထ.. ထမင်းစားခေါင်းလောင်းထိုးနေပြီ"
"အမ်...အင်းးး..." ဆိုပြီးနိုးလာလေသည်
ထမင်းစာဆောင်က မိုးစက်တို့ အိပ်ဆောင်ရဲ့ အပေါ်ဆုံးထပ် ဘုရားခန်းမှာဆိုတော့ ဝသန်နဲ့တူတူတတ်သွားလိုက်သည်...အပေါ်ရောက်တော့ တစ်ချက်ဝေ့ကြည့်လိုက်ရင်း ခွန်းသဘေးလွတ်နေတာတွေ့တာနဲ့ဝသန်ကိုဆွဲကာနှစ်ယောက်တူတူဝင်ထိုင်လိုက်သည်...ထမင်းစားခန်းက လှေကားရဲ့တစ်ဖက်တစ်ချက်စီမှာစားပွဲခုံအရှည်ကြီးတွေအစီအရီချထားပြီး ထမင်းပန်းကန်တွေပါထားပေးထားသည်.. စားပွဲခုံတွေက ကြီးတော့ တစ်ဝိုင်းကိုအနည်းဆုံး ၈ ယောက်လောက်အေးဆေးထိုင်လို့ရတယ်...
မိုးစက်လဲဟိုကြည့်ဒီကြည့်လုပ်ပြီးစားဖို့ဇွန်းနဲ့ခရင်းကိုခြင်းထဲကလှမ်းယူလိုက်သည် ဗိုက်ဆာဆာနဲ့ အသေကြိတ်ပြီဆိုပြီး ပါးစပ်ထဲထည့်မလို့လုပ်နေတုန်းမှာပဲခွန်းသက သူ့လက်ကိုတားလိုက်ပြီး ခနနေဦးမစားရသေးဘူးလို့ပြောတော့ မိုးစက်ကြောင်နေတုန်း အုပ်ကြီးကခေါင်းလောင်းအသေးလေးကိုင်ကာတတ်လာပြီး.."ကဲ အားလုံး.. ထမင်းမစားခင် မေတ္တာပို့ရမယ် ကျောင်းသားဟောင်းတွေက အလွတ်ရပြီးသား အသစ်တွေက နံရံမှာချိတ်ထားတဲ့ သစ်သားပြားပေါ်မှာ ရေးထားတယ် ကြည့်ရွတ်ကြ...." လို့ပြောပြီး ခေါင်းလောင်းလေးကိုတစ်ချက်တီးလိုက်သည်...သူတို့လဲ စာသားကိုကြည့်ပြီးရွတ်လိုက်ကြကာ ထမင်းစားဖို့စတင်ကြတော့သည်..
ဒီနေ့ဟင်းက ငါးကိုအစက်ကလေးကြော်ထားပြီးတစ်ယောက်ကိုနှစ်တုံးဆီထည့်ပေးထားသည် အရံဟင်းအနေနဲ့ ဂေါ်ဖီကြော်လေး ရယ် ကြာရိုးဟင်းရည်လေးနဲ့ စုံစုံလင်လင်လေးပါ...
မိုးစက်ကတော့ လျှာလေးသက်ပြီးခေါင်းမဖော်တမ်းသာစားနေတော့သည်...သူတို့ထမင်းစားပြီးတော့ အတန်းက နေ့လည် ၂နာရီမှတတ်ရမှာဆိုတော့ နားချိန်အများကြီးရတာပဲဆိုပြီး အခန်းထဲဝင်လာတော့ ခွန်းသရော နေ့လည်က ရေချိုးခန်းထဲမှာတွေ့တဲ့ ကောင်လေးရော အခန်းထဲမှာရှိနေသည်... မိုးစက် ဒီကောင်ဘာလာလုပ်တာလဲဆိုပြီးကြည့်လိုက်တော့ ဒီကောင်က ဘီဒိုထဲကို အဝတ်တစ်ချို့ထည့်နေတာတွေ့တာနဲ့..
"သြော် ဒီမှာနေမှာကို...." လို့ စိတ်ထဲကပြောပြီးခွန်းသ ကုတင်ဘေးသွားမတ်တပ်ရက်တော့ ခွန်းသက ကုတင်ပေါ် စာအုပ်ဖတ်နေရာက လှမ်းကြည့်သည် မို့စက်လဲ ဟီး ဆိုပြီး တစ်ချက်ရီပြလိုက်တော့ ပြန်ပြုံးပြပြီးစာအုပ်ပြန်ဖတ်နေသည်... မိုးစက်လည်း ရေချိုးခန်းမှာတွေ့ခဲ့တဲ့ သကောင့်သားကို...