The Past

4.6K 283 0
                                    

Lisa ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်သည်........
"Hello.....”တစ်ဖက်ကဖုန်းကိုင်လိုက်သည်နှင့်
"Momm ဘာဖြစ်လို့ chaeyoung ကို ဒီကိုလွှတ်လိုက်တာလဲ.....” သူအော်ပြောလိုက်သည်....
"ဘာလို့လဲLisaသူကမင်းရဲ့မိန်းမဘဲလေ..... မင်းကိုးရီးယားမှမပြန်လာတာ....အဲ့တော့မင်းရှိတဲ့နေရာကိုငါလွှတ်ရတာပေါ့........ ”

"Mommm.......အဲ့လိုဘဲဆက်လုပ်နေတော့မှာလား... lisa ကိုယ့်ဘဝနဲ့ကိုယ်လွတ်လွတ်လပ်လပ်နေပါရစေ.... Mommဖြစ်စေချင်တဲ့အတိုင်းလက်ထပ်ထားပေးပြီးပြီလေ......ဘာတွေထပ်မျှော်လင့်နေသေးတာလဲ...... Lisaကို လွတ်လပ်ခွင့်ပေးပါ.....”

"မင်းကိုယ်မင်းအိမ်ထောင်သည်ဆိုတာမမေ့နဲ့Lisa......  ခုလိုမင်းဟိုမှာသွားနေတာ chaeကန့်ကွတ်ခဲ့လား....ဟမ်....မင်းစိတ်တိုင်းကျပေးနေတယ်မဟုတ်လား.....မင်းဘက်က ပိုဆိုးမလာနဲ့...”
"Momm.chaeကို ပြန်ခေါ်လိုက်ပါ.....ခုလိုဆက်လုပ်နေမယ်ဆို...Lisaနောက်တစ်နေရာထွက်ပြေးလိုက်မှာနော်”....
"မင်းကငါ့ကိုစိန်ခေါ်တာလား lisa..... ငါမရှာနိုင်ဘူးထင်နေလား..... ပြေးချင်သလောက်ပြေးလေ......” ပြောပြီးဖုန်းချသွားသည်....

Lisaတိတ်ဆိတ်သွားမိသည်.... သူ့အမေ၏အရှိန်အဝါကို သူမသိသည်.......
သူစိတ်ရှုပ်စွာကူတင်ပေါ်ထိုင်နေလိုက်မိသည်......
Jennieဆီဖုန်းဆက်ဖို့လဲသတိမရ......
အချိန်၁နာရီခန့်ကြာ​တေ့ာ အခန်းတံခါးခေါက်သံကြား၍ သူတံခါးသွားဖွင့်လိုက်သည်.....

"Lisa ဘာမှမစားရသေးဘူးမဟူတ်လား chaeညစာချက်ထားတယ် အောက်မှာစောင့်မယ်နော်......”သူမပြောပြီး အောက်ဆင်းသွားလိုက်သည်.....
Lisaစိတ်ပျက်စွာနဲ့အခန်းတံခါးပြန်ပိတ်ပြီးရေချိုးကာအောက်ဆင်းလာခဲ့သည်.....
ထမငိးစားခန်းတွင် chaeကအသင့်စောင့်နေသည်.......
သူ့အကြိုက်ဟင်းလျာများနှင့် စားပွဲအပြည့်ပြင်ဆင်ထားသည်.......

သူစိတ်ရှုပ်စွာဝင်ထိုင်လိုက်သည်......
Chaeyoung က သူမပန်းကန်ထဲသို့ဟင်းများထည့်ပေးနေသည်........
သူမစားမိသေး.......
Chaeကတော့ စားလိုက်သောက်လိုက်အလုပ်ရှုပ်နေသည်.......
သူသူမကိုစိုက်ကြည့်ရင်း......

"မင်းဘယ်တော့ပြန်မှာလဲ.....”

သူမေးလိုက်တော့ chaeစားနေရာမှရပ်ပြီးသူ့ကိုလှမ်းကြည့်သည်......
သူကပြန်စိုက်ကြည့်လိုက်တော့ သူမခေါင်းငုံ့သွားသည်........
"Lisaငါနင့်ကိုချစ်တယ်...... ငါ့ကိုအခွင့်အရေးပေးပါလား.....ငါကြိုးစားပါ့မယ်..... နင်ကမချစ်လဲရပါတယ်......
ငါကနင့်ကို ချစ်နေရရင်ကျေနပ်ပါပြီ...... please Lisa....”
"Chae...တော်တော့ဆက်မပြောနဲ့တော့.... နင်ငါ့အခန်းမှာအိပ်လိုက်....ငါ စာကြည့်ခန်းမှာဘဲအိပ်လိုက်မယ် ဒီမှာအခန်းပိုမရှိဘူး..... ”ပြောပြီးသူထထွက်လာလိုက်သည်.......

Love at first sight 😍Where stories live. Discover now