အခန်း ၁။ ငါ့ယောကျ်ားရဲ့ခံတွင်းနံ့က ဒီလောကကြီးထဲမှာ အမွှေးဆုံးပဲ။

1.3K 116 20
                                    

(Sequel) အခန်း ၁။ ငါ့ယောကျ်ားရဲ့ခံတွင်းနံ့က ဒီလောကကြီးထဲမှာ အမွှေးဆုံးပဲ။

"ရှောင်းကျန့် ၈နာရီထိုးပြီ"

ရိပေါ်က အိပ်ရာနံဘေးရှိစားပွဲပေါ်မှ စားပွဲတင်နာရီလေးကိုကြည့်ပြီးနောက် ဘေးတွင်လဲလျောင်းနေသော ရှောင်းကျန့်ကိုနှိုးလိုက်သည်။ သို့သော်လည်း အမောင်ရှောင်းကျန့်တစ်ယောက်ကတော့ဖြင့် အိပ်စက်ခြင်းတွင် နစ်မျောနေဆဲသာ။

ဘာလိုလိုနှင့် သည်ဘ၀တွင် သူတို့နှစ်ဦး ချစ်သူတွေအဖြစ်လက်တွဲခဲ့ကြသည်မှာ လ၀က်မျှရှိခဲ့လေပြီ။ သည်အကြောင်းသိတာဆိုလို့ သူတို့နှစ်ဦးကိုဖယ်လျှင် ရင်းနှီးသူအနည်းငယ်သာ ရှိပါသည်။

ရိပေါ်ပြုံးလိုက်ရင်း ရှောင်းကျန့်မျက်နှာအနား  တိုးကပ်သွားကာ နားထဲသို့ လေမှုတ်ထည့်လိုက်သည်။ သို့သော်လည်း မနိုးလာသေးပါချေ။

"ထောင်ဟွားရေ..."

ရိပေါ်၏ခေါ်သံအဆုံးမှာ ရှောင်းကျန့်၏မျက်ခွံတို့ အနည်းငယ်မျှလှုပ်ရှားသွားရသည်။ အနည်းငယ်လေးမျှသာဆိုသော်လည်း မျက်စိလျင်သူရိပေါ်ကတော့ ရှောင်းကျန့်ကျမ်းကိုကျေသူပီပီ သည်လူသားလေးနိုးနေပြီဆိုတာ အလိုလိုခံစားမိနေပါသည်။

"ကော... အချစ်ဆုံးလေး... ကျွန်တော့်ရဲ့နတ်ဘုရားလေးရေ..."

သည်တစ်ခေါက် ရိပေါ်၏ခေါ်သံအဆုံးမှာတော့ ရှောင်းကျန့်၏နှုတ်ခမ်းအစုံမှာ ပြုံးသွားပြီးနောက် လက်အစုံက ခြုံထားသည့်စောင်ကိုဆွဲကာ မျက်နှာပေါ်သု့ိ ဖုံးကွယ်ပစ်လိုက်ပါတော့သည်။

သူ့ရဲ့ထောင်ဟွားလေး အရှက်သည်းသွားပါလေပြီ။ သည်တော့ရိပေါ်လည်း ဟက်ဟက်ပက်ပက်ရယ်မောကာ စောင်အပေါ်မှနေ၍သာ သူ့နတ်ဘုရားလေး၏ နဖူးထက်ဆီသို့ အနမ်းတစ်ပွင့်ကို ခပ်ဖွဖွဆက်သမိပါ၏။

ထို့နောက်ဖုံးအုပ်ထားဆဲ စောင်ကိုဆွဲဖယ်တော့ အသာတကြည်ပြန်လွှတ်ပေးသည်။ ရှောင်းကျန့်၏ပါးမို့နှစ်ဖက်မှာတော့ ပန်းရောင်နုနုက ယှက်သန်းလို့နေလျက်။

"ကောက ကလေးလားဗျာ ကြည့်ပါဦး"

"မင်းကငါ့ကို ရှက်အောင်လုပ်တာကိုး"

မက်​မွန်​ပွင့်​တို့သက်​​သေတည်​၍ (season 2/COMPLETE)Tempat cerita menjadi hidup. Temukan sekarang