🎄𝕷𝖆𝖘𝖙 𝕮𝖍𝖗𝖎𝖘𝖙𝖒𝖆𝖘🎄
"နွေရာသီအားလပ်ရက်မှာရေပူစမ်းလိုက်ပို့မယ်မဟုတ်လားဟင်
လုပ်ပါနော် လိုက်ပို့ပါနော် အဟင့်ဟင့်..........."ငါးနှစ်သားအရွယ်ကလေးသေးသေးလေးကအဖေလို့ထင်ရလောက်တဲ့လူကြီးတစ်ယောက်ကိုပူဆာနေခြင်းပင်
"သားရယ် ဖေဖေကမအားတာသိရဲ့သားနဲ့
ကားမောင်းနေတာကိုငြိမ်ငြိမ်နေစမ်း"တစ်ချက်ဆူလိုက်တော့ထိုကလေးလေးကသူ့ရဲ့နှုတ်ခမ်းထူထူလေးတွေကိုထော်ထွက်နေအောင်ဆူထားပြီးပြန်ငြိမ်သွားသည်
မိဘနှစ်ပါးစလုံးကကလေးအတွက်အထူးတစ်လည်အချိန်ပေးတယ်ဆိုသည်မှာအလွန်ပင်ရှားသောကြောင့်
နွေရာသီပိတ်ရက်မှာရေပူစမ်းသွားဖို့မျှော်လင့်မိခြင်းသာ
မိသားစုစုံစုံလင်လင်လေးတစ်ခါလောက်နေကြည့်ချင်စိတ်မိဘတွေဂရုစိုက်ပေးတာကိုခံချင်စိတ်တို့ကကလေးငယ်လေး၏ရင်ထဲတွင်အပြည့်
နှုတ်ခမ်းလေးဆူကာအံကြိတ်ပြီးလက်သီးလေးများကိုပင်ကျစ်ကျစ်ပါအောင်ဆုတ်ထားသော်လည်းမျက်လုံးအိမ်လေးမှာအရည်လေးတွေတလဲ့လဲ့။တောင်တက်လမ်းတစ်လျှောက်တရွေ့ရွေ့မောင်းနှင်လာသောကားအဖြူလေးတစ်စီးကတစ်နေရာအရောက်................
မိမိရှေ့မှာပင်သွေးထွက်သံယိုခဲ့သောမိဘနှစ်ပါးကိုကြည့်ရင်း
ကောင်ငယ်လေးတစ်ယောက်မှာသွေးပျက်မတတ်
ဆေးရုံရဲ့ Operation room ရှေ့ကခုံတန်းလေးမှာထိုက်ရင်း တရှုံ့ရှုံ့ငိုကျွေးနေလေသည်
ထိုစဥ်အသက်ငယ်ငယ်ကောင်လေးတစ်ယောက်ရောက်လာပြီး"Nong အဆင်ပြေရဲ့လား အဆင်ပြေသွားမှာပါ အကိုဘာကူညီပေးရမလဲဟင်......"
ထိုကောင်လေးမြင်လိုက်ရတဲ့မျက်ဝန်းတစ်စုံ
ဘယ်တော့မှမေ့ဖျောက်လို့ရမှာမဟုတ်တဲ့မျက်ဝန်းနက်နက်တစ်စုံ။နေ့လည် 2:03
ကားတိုက်မှုဖြင့်သွေးထွက်လွန်၍သေဆုံးသည်..........။~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အနက်ရောင် Suit လေးအား အသာအယာဆွဲချလိုက်ပြီး မှန်ထဲကိုကြည့်ရင်း ဆံပင်ကိုပါအသေအချာပြင်ဆင်လိုက်တော့
အရမ်းကြီးမဟုတ်တောင်သူကအတော်အတန်ကြည့်ကောင်းတဲ့လူတစ်ယောက်ဆိုတာငြင်းဖို့ခက်လိမ့်မည် ။
YOU ARE READING
𝙇𝙖𝙨𝙩 𝘾𝙝𝙧𝙞𝙨𝙩𝙢𝙖𝙨(One Shot)