Intro

4.4K 204 16
                                    

Uni

ဒီနေ့မနက်ခင်းဟာ တခြားနေ့မနက်ခင်းတွေလိုပါပဲ Lisaအတွက်တော့ သူမရှိတော့တဲ့နောက်ပိုင်းမှာ
နေ့ရက်တိုင်းကိုရိုးရိုးရှင်းရှင်းပဲဖြတ်သန်းဖြစ်လာတယ်

သူထားသွားခဲ့တုန်းက ခံစားရလားဆိုတော့
ကိုယ့်ကိုကိုယ်သတ်သေဖို့ထိမလုပ်တာကလွဲရင်
တခြားအသည်းကွဲသမားတွေရဲ့လမ်းစဉ်အတိုင်းကျင့်သုံးခဲ့ပါတယ်

မသောက်ဖူးတဲ့အရက်တွေသောက်တယ် သူများအတွဲတွေကြည်နူးနေတာမြင်ရင် သူနဲ့အကြောင်းတွေပြန်သတိရတယ်

ဒါပေမယ့် တချို့တချို့လူတွေလိုကိုယ့်ကိုကိုယ်သတ်သေဖို့ထိမလုပ်ခဲ့ပါဘူး

အဲ့လောက်ထိမိုက်ရူးရဲဆန်တဲ့လုပ်ရပ်မျိုးကို
သူလည်းမကြိုက်သလို lisaလည်းမလုပ်ခဲ့

အခုlisaရဲ့ဘဝကတော့ အေးချမ်းနေပြီလို့ပြောရမှာလား မပြောရမှာလား lisaကိုယ်တိုင်လည်းမသိပါ
ထားခဲ့ခံခဲ့ရခါစကအချိန်တွေလိုတော့မဟုတ်တော့ဘူး

သူ့ကိုမေ့ဖို့မကြိုးစားခဲ့သလို ကြိုးစားရင်လည်းအဲ့ဒါကဖြစ်လာမှာမဟုတ်ဘူး

Lisa အသည်းကွဲရောဂါသက်သာလာတဲ့အချိန်မှာ သတင်းစာတိုက်တစ်ခုမှာအလုပ်ဝင်လုပ်ဖြစ်တယ်
စာရေးဆရာတွေပေးတဲ့စာမူတွေကို lisaက စာပြန်ရိုက်ပေးရတယ် ဒီအလုပ်ကအဆင်ပြေပါတယ် တစ်ခါတလေ အလုပ်ထဲစိတ်ပါသွားရင်သူ့ကိုပါခနတော့မေ့သွားတယ်လေ

"Lisaရေ ဒီနေ့အလုပ်ကနည်းနည်းများတယ်နော်"
အလုပ်ခန်းထဲဝင်ဝင်ချင်းပဲ lisaရဲ့ seniorအစ်မကပြောလိုက်သည်
Lisaကတော့ အစ်မကိုပြုံးပြရင်း ခုံမှာထိုင်ပြီးအလုပ်စလုပ်သည်

"အစ်မရေ lisa နေ့လည်စာသွားစားတော့မယ် အစ်မမစားသေးဘူးလား"
အလုပ်တွေလုပ်ရင်း နေ့လည်စာစားချိန်ရောက်တော့ lisaက အစ်မကိုပြောလိုက်သည်

"Lisaစားနှင့် အစ်မကဒါလေးလက်စသပ်ပြီးမှစားမလို့"
အစ်မဆီကစကားပြန်ရပြီးတော့lisaလည်း ရုံးက
စားသောက်ဆိုင်မှာ နေ့လည်စာသွားစားလိုက်သည်

စားပြီးသောက်ပြီးတော့အလုပ်တွေပြန်လုပ်နဲ့အခုဆိုရုံးဆင်းချိန်ရောက်ပြီ
"ဟူး lisaဒီနေ့တော့အလုပ်တွေအိမ်ယူသွားရဉီးမယ် အစ်မရေ"

Memories From My Diary(completed)Where stories live. Discover now