Unicodeစစ်မင်းရောင်အတိတ်ဆီသို့ အတွေးလွှင့်ကာ ဟိုအရင်တစ်ချိန်ကအဖြစ်အပျက်ဟောင်းတစ်ချို့ကိုပြန်လည်မထုတ်ဖော်ချင်။ အနာဟောင်းက ရက်တွေလတွေနဲ့နှစ်တွေအလီလီပြောင်းလဲလာခဲ့သော်လည်း သူ့ရင်ဘတ်ထဲကအနားကတော့အသစ်အတိုင်းဖြစ်နေဆဲပါ။ သူပါစစ်ကိုတစ်ရက်တစ်မိနစ်တစ် စက္ကန့်တောင်မေ့မရခဲ့ပါ။
သူပါစစ်ရှေ့စားပွဲပေါ်သို့ ထိုင်ကာပါစစ်နှဖူးစတွင်ချွေးစအချို့ကို သူ့လက်ကအိကျီ်စနဲ့သုတ်ပေးလိုက်သည်။ ပါစစ်မျက်ဝန်းတို့နဲ့စစ်မင်းရောင်သူ့မျက်ဝန်းတို့ဆုံလိုက်ချိန်တွင် သူ့အကြည့်တို့ကရှောင်ဖယ်မရခဲ့။ ပါစစ်မျက်ဝန်းထဲတွင်ညို့ဓာတ်ပါသည့်နှယ် သူဘယ်လိုမှပါစစ်မျက်ဝန်းများကိုအကြည့်မလွှဲနိုင်ခဲ့ပါ။ နီးကပ်လာသောမျက်နာပြင်သို့ အသက်ရှုလိုက်တိုင်းပေါ်ထွက်လာသော လေငွေ့ထွေးထွေးကထိခတ်ကြည်စယ်ဆော့ကလားနေသည်။ နှုတ်ခမ်းပါးနှစ်ခုထပ်တူပြုမိချိန်တွင် သူတို့နှစ်ယောက်သားစိတ်တို့လွှတ်သွားခဲ့သည်။
စစ်မင်းရောင်နှုတ်ခမ်းပေါ်သို့ကျရောက်လာသော ပါစစ်နှုတ်ခမ်းတစ်စုံကိုအလိုက်သင့်မျက်လုံးလေးမှိတ်ထားလိုက်မသည်။
ထိုအချိန်တွင်သူ့တ်ု့နှစ်ယောက်သားစိတ်ထဲတွင် ပတ်ဝန်းကျင်၊ မိဘအသိုင်းအဝိုင်း၊ အရာအားလုံးမေ့ပျောက်သွားခဲ့သည်။
စစ်မင်းရောင်ရင်ခုန်စိတ်လှုပ်ရှားကာ ပါစစ်အနမ်းတို့ကိုပြန်လည်တုန့်ပြန်လိုက်သည်။
"ကိုယ်လုံးလုံးကိုချစ်တယ်"
ပါစစ်ခပ်တိုးတိုးပြောလိုက်သော်လည်း သူပါစစ်ရဲ့ချစ်စကားကိုကောင်းကောင်းကြားလိုက်ရသည်။
ဘယ်အချိန်ထဲကအဖြေပြန်ပေးချင်နေမှန်းမသိသော စစ်မင်းရောင်လဲသူမသိလိုက်အချိန်မှာပင် ပါစစ်ကိုခေါင်းညိတ်ကာအဖြေပေးမိလိုက်သည်။ ထိုအချိန်ခနတွင် သူ့အတွေးထဲတွင်မည်သို့သောအကြောင်းအရာများကို မစဥ်းစားတော့။ ပါစစ်ကိုချစ်ပါတယ်ဆိုသော သူ့ရင်ခုန်သံခေါ်ဆောင်ရာနောက်သို့သာလိုက်ပါလာခဲ့သည်။
VOCÊ ESTÁ LENDO
ဘေးအိမ်ကကိုလူချော(ေဘးအိမ္ကကိုလူေခ်ာ)(Unicode&Zawgyi) (Complete )
Romanceကျွန်တော်မျှော်လင့်စေလောက်မယ့်အခွင့်အရေးတွေမပေးပါနဲ့လား ကျွန်တော်ပါစစ်ကိုချစ်တယ် ကျွန်တော်မျှော်လင့်စေလောက်မယ့်အခွင့်အရေးတွေမပေးပါနဲ့လား ကျွန်တော်ပါစစ်ကိုချစ်တယ် Art.Lay Pyay Yhine Writter: Khant Oct.22.2020