သူတို့သုံးယောက် သရဲကားကြည့်ပြီးတော့ ညနေ ၆နာရီတောင်ကျော်နေပြီ .. ဝဏ္ဏက Laptop ကို locker ထဲပြန်ထည့်ပြီး ထမင်းစားဖို့ ထမင်းစားဆောင်တူတူတက်သွားလိုက်သည်...
"ဗိုက်ဆာလိုက်တာကွာ..." မိုးစက်က ထပြောလိုက်တော့ ဝသန်က
"အခုပဲ စားရတော့မယ်လေ ခနပဲစောင့်" ပြောပြီး ဝသန်က ထမင်းပန်ကန်သွားယူသည်...ခနကြာတော့
"ရော့.... "
"အမ်.... ဝသန် ငါ့အတွက်ရောမပါဘူးလား😑..." လို့ ဝဏ္ဏအပြောကြောင့်
"ငါ့လက်က နှစ်ဖက်ပဲပါတာလေ ငါ့အတွက်နဲ့ ပိုင့်အတွက်ပဲယူလို့ရမှာပေါ့"
"အေးလေ မင်းကလည်း ကိုယ့်ဘာသာကိုယ်သွားယူ"
"အေး....အေးး... မင်းတို့ခေတ်ပဲလုပ်ထားဦးပေါ့ကွာ" ဆိုပြီး ထမင်းပန်ကန်ထယူလိုက်ရလေသည်...
ထမင်းစားနေရင်း စကားတွေပြောနေတာ..၉နာရီတောင်ကျော်နေပြီ..အဲ့ဒါကြောင့် သူတို့ အခန်းထဲပြန်ကာ သွားတိုက်မျက်နှာသစ်ပြီးအိပ်ဖို့ပြင်ကြရတော့သည်.."အဟမ်း...ဝသန် ငါတို့ ဒီည ခွဲအိပ်ရင်ကောင်းမလား ငါလည်း တစ်ယောက်ထဲအိပ်ရဲနေလောက်ပါပြီ..."
"အင်း" တစ်လုံးထဲသာ ပြောပြီးသူ့ကုတင်ပေါ်သူတက်ကာ စောင်ခြုံပြီး အိပ်နေသော ဝသန် ... မိုးစက်လည်း သက်ပျင်းသာတစ်ချက်ချပြီး ကုတင်ပေါ် တက်လိုက်ရသည်...
A few minute later...
မိုးစက် ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နဲ့ အိပ်မပျော်... .
"ပိုင်.... အိပ်မပျော်လို့လား"
"အင်းကွာ... ဘာဖြစ်နေမှန်းမသိဘူး..."
"ငါလာအိပ်ပေးရမလား..."
"ရပါ....."
"ဟိုဘက်တိုးးးး"
"အမ်...အင်းး. အင်း..." မိုးစက် စကားတောင်ဆုံးအောင်မပြောလိုက်ရပဲ ဝသန်က သူ့ဘက်ရောက်လာသည်....
"ဘာလဲ ဝဏ္ဏစလို့ငါ့ကို ခွဲအိပ်ဖို့ပြောတာလား"
"အင်း ငါအရင်ကအိမ်မှာဆိုရင်တော့ တစ်ယောက်တည်းအိပ်နေကျပါ အခုက နေရာစိမ်းနေလို့လား မသိပါဘူးကွာ...."
"အင်းပါ..အင်းပါ... အိပ်တော့ လာခဲ့ "ဆိုပြီး ဝသန်က လက်ဆန့်ပေးနေတာကြောင့် မိုးစက်လည်း ဝသန်လက်တွေကြားထဲ ဝင်လိုက်သည်...
"ဝသန် မင်းကရော... အိပ်မပျော်လို့လား ခုနက"
"အင်း"
"ဘာဖြစ်လို့လဲ ညနေက သရဲကားကြည့်ပြီးကြောက်နေသေးလို့လား..... မကြောက်နဲ့နော် ငါရှိတယ် အိပ်..အိပ်" လို့ ပြောတဲ့ မိုးစက်စကားကြောင့် ဝသန် အသံထွက်ပြီးရယ်ချင်တာကို မနဲအောင့်ထားလိုက်တယ်
"ညနေက ကြောက်လို့အော်နေတာ သူလား ငါလားကွာ... ဒီပိစိကတော့ 🤣" ဆိုပြီး စိတ်ထဲကနေလဲတွေးနေသည်..