Part (28)

6K 175 8
                                    

သားကောင်

🌸pann

Part (28)

" အဟက်.. ဘာလဲ အဲ့တုံ့ပြန်ချက်က "

နောင်ရိုးစကားကြောင့် ပြူ းပြူ းလေးနဲ့ ကြည့်လာတဲ့ မောင့်ရဲ့ပုံစံလေး.. ။

နောင်ရိုး ဟက်ခနဲတစ်ချက်ရယ်ကာ မောင့်ကိုပြောလိုက်ရသေးတယ်..

" ဟို.. ငါ မထင်ထားလို့ "

မောင် အကြည့်ပြန်ရုတ်သိမ်းရင်း ခေါင်းလေးမခို့တခို့လေး ငုံ့ကာ တီးတိုး လေးပြောလိုက်ရသည်.. ။

" အဟက်.. မောင် ခင်ဗျားဟာလေ အသက်သာကြီးလာတယ် ဦးနှောက်ဖွံ့ဖြိုးမှုကျ နှေးကွေးလိုက်တာ "

ကြည့်.. မောင့်အပေါ်ဆို ပြောရေးဆိုရေး ဥက္ကဋ္ဌ အဖြစ်များ တာဝန်ယူထမ်းဆောင်နေလား မပြောတတ်ဘူး ။

" မင်း ငါ့အသက်ကို ခဏခဏ ထည့်ထည့်မပြောပါနဲ့.. "

" အဟက်.. စိတ်ဆိုးတယ်ပေါ့ "

" ....... "

မောင် အဖြေစကားပြန်ပေးမနေဘူး.. ပြန်မဖြေလည်း သူသိကောင်းသိသင့်ပါတယ်လေ ။

" မောင် ခင်ဗျား ဒီမြို့ကို တော်တော် ကျယ်တယ်များ ထင်နေလား.. ခင်ဗျားတစ်ယောက်အတွက် လုံလုံခြုံ ခြုံပုန်းနိုင်ပါတယ်လို့လေ "

" ဒါပေမယ့် မင်းနဲ့ငါ တစ်ခါလေးမှတောင် မဆုံခဲဖူးဘူးလေ.. "

" ခင်ဗျားနဲ့ ဝေးခဲ့ရတာ အလွန်ဆုံး လေးငါးလလောက်ပဲ ရှိမယ်.. ကျန်တဲ့အချိန်တွေမှာ ခင်ဗျားဘေးကျုပ်ရှိနေခဲ့တာ ခင်ဗျားသတိမထားမိပေမယ့်လို့ "

" ငါ့ကို ဘယ်လိုပြန်တွေ့ခဲ့တာလဲ.. "

" ရှာဖွေနေခဲ့တဲ့သူအတွက် သိပ်ကြီးမခက်ခဲ့ဘူးထင်တယ်.. "

" ငါ့ကိုတွေ့နေရဲ့သားနဲ့ အဲ့အချိန်တုန်းကဘာလို့ ငါ့ရှေ့မပေါ်လာခဲ့ရတာလဲ.. "

" ကျုပ် ကြိုးစားချင်နေသေးလို့.. ပြီး ခင်ဗျားကို ခဏလောက်လေး လွှတ်ပေးထားချင်သေးတယ် ကျုပ်ခင်ဗျားကိုတွေ့ရတဲ့ချိန်က ကျုပ်နေရာတစ်ခုရဖို့ ကြိုးစားနေတုန်းရှိသေးတယ်.. အဟက် အလိမ်ခံနေရလို့ ရှုံးနေတဲ့အချိန်လည်းဖြစ်နေလို့ အားလျော့နေခဲ့တော့ ကျွန်တော် ခင်ဗျားရှေ့မလာခဲ့တာ.. "

သားကောင် (Unicode) Onde histórias criam vida. Descubra agora