>>>Zawgyi<<<
Part~11💔
ဒီနေ့နဲ့ဆို ဒီအိမ်မှာချစ်ရသူနဲ့အတူတူနေတာ
၆ ရက်မြောက်နေ့ ။ အရာအားလုံးပုံမှန်ပဲ ။
ပုံမမှန်တာက ရင်ဘက်ထဲကနှလုံးသား။အစတည်းကချစ်နေခဲ့သူမို့လားမသိ
အခုလိုအနေနီးနေတဲ့အချိနိအတွင်း
မင်းကို ပိုပိုပြီးနက်နက်ရှိုင်းရှိုင်းချစ်လာမိတယ်။မင်းကိုချစ်တယ် မောင် ....
တစ်နေ့..... အင်းတစ်နေ့နေ့တော့ ..
လူအများရှေ့မှာ၊မင်းအရှေ့မှာ..
မင်းရဲ့လိုလိုလားလား တောင်းဆိုမှုနဲ့အတူ
ငါခေါ်ခွင့်ရချင်တယ်.....
ငါလောဘကြီးနေမိပြီထင်တယ် မောင် ..._____________________________
"ကျန့်!"
အတွေးလွန်နေတဲ့ကျတော်ဟာချစ်ရသူရဲ့
ခေါ်သံကြောင့်လက်ရှိအခြေအနေကိုပြန်ရောက်လာတယ်။"ငါဒီမှာ ရိပေါ်"
ကျတော်ထိုင်နေတာခြံထဲကသစ်ပင်ကြီးအောက်မှာ။
ကျတော်အသံပေးတော့ကျတော့်ဆီလျောက်လာတဲ့
ချစ်ရသူဟာပုံမှန်အဝတ်အစားနဲ့မဟုတ်ဘူး။ကျတော့်မောင်ဟာလေ တနေ့တခေါက်တော့
အမြဲအပြင်သွားတယ် ကျတော့်ကိုတော့ဒီအိမ်ကြီးထဲက
မထွက်ခိုင်းဘူး မားဆီသွားချင်တယ်ပြောတာတောင်
နောက်နေ့မှတူတူသွားကြမယ် ဆိုတဲ့စကားလုံးနဲ့
နှစ်သိမ့်ထားတတ်တာ။ကျတော်ဆိုသည်မှာလဲမောင့်စကားတစ်ခွန်းပဲလေ။
မားရယ် ကျန့်ကျန့်တွေ့ချင်လိုက်တာ ..။"ကျန့် ကိုယ်အပြင်သွားလိုက်အုံးမယ်"
"အင်း ဘယ်သွားမှာလဲရိပေါ် အာ Sorry
ဟို ငါမမေးသင့်ဘူး""ငါမြို့ထဲဘက်သွားမလို့ သဘက်ခါကြ
ကျောင်းပြန်တက်ရတော့မယ်လေ ပြင်ဆင်စရာရှိတာ
ပြင်ဆင်ရမှာမို့"အခု ..အခုကျတော့်ကို ရိပေါ်က..
ကျတော်မေးတာကိုရိပေါ်ကလေ ပြန်ဖြေတယ်!
ဘုရားရေ ကျတော်အိပ်မက်မက်နေတာများလား ?ရိပေါ်သူ့ရှေ့ကကြောင်တောင်တောင်နဲ့စိုက်ကြည့်နေတဲ့
ကျန့်ကိုစိတ်မရှည်တော့။
နဂိုတည်းကစိတ်ကလက်တစ်ဆစ်!
YOU ARE READING
မင်းပျော်ရင် ...
Fanfictionမင်းကခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်လိုပဲ နားလည်ရ ခက်လိုက်တာ 🥀Wang Yibo💟 ငါ့စိတ်ကိုမြင်အောင်ကြည့်မှ ငါ့ကိုနားလည်နိုင်မှာလေ 🥀Xiao Zhan💟 •[ YiZhan ]•