373 32 0
                 ကုန်သွယ်ရေးနှင့်မိန်းမလှလေးများပေါများရာတွင် ပြည့်လျံမြို့ကို ယှဉ်နိုင်ခြင်းမရှိ.........
               ပြည့်လျံ မြို့ဆိုတာက အလွန်စည်ကားသိုက်မြိုက်ပြီး လူဦးရေထူထပ်သောမြို့တစ်မြို့.....။
       အကြောင်းအရင်းကိုပြောပြရမယ်ဆိုရင်နှစ်ချက်ရှိတယ်။တစ်ခုက ကုန်သွယ်ရေးအချက်အချာကျခြင်းရယ်၊နောက်တစ်ခုက လှပသောမိန်းကလေးတွေကြောင့်ရယ်ပင်။တေးသီငှက်လေးများလိုချိုသာကာ ချယ်ရီပန်းလေးများလိုဖူးနုလှပသည့် မိန်းမလှလေးများက ပြည့်လျံမြို့ရဲ့ပြယုဂ်တစ်ခုထဲတွင်အပါအဝင်ဖြစ်သည်။ဒါ့အပြင် ပြည့်လျံမြို့သည် ရေကြောင်းလမ်းတစ်ခုလုံးကိုမြို့ထဲတွင် ငုံကာဆိတ်ကမ်းဆောက်၍ဝင်ပေါက်သဖွယ်ထားရှိထားသောကြောင့် ကုန်သွယ်လာကြသူများနှင့် ထိုမိန်းမလှလေးများအား လာရောက်ကြည့်ရှု့ကြခြင်းကြောင့်ပြည့်လျံမြို့အာ အမြဲတစေလူဝင်လူထွက်များဖြင့်စည်ကားသိုက်မြိုက်စေခဲ့တာဖြစ်လေသည်။
                ပြည့်လျံမြို့၏ အဓိကစီးပွားရေးဖြစ်သော ကုန်သွယ်ရေးနှင့်ပက်သက်၍ လာရောက်ကုန်သွယ်လိုလျှင် လမ်းပန်းဆက်သွယ်ရေးအားဖြင့် ကုန်းလမ်းနှင့်ရေလမ်းဟူ၍ နှစ်ပိုင်းခွဲကာ ကုန်သွယ်မှု့ကို ပြုလုပ်ကြရသည်။ကုန်းလမ်းဆိုလျှင် မြို့ပတ်လမ်းကိုဖြတ်ကာ မြို့ပြင်ကနေတစ်ဆင့် အနောက်ဘက် ဂိတ်တံခါးကနေပြီးမှ မြို့ထဲသို့ကုန်သွယ်ခွင့်ရသည်။ဒါကလဲကုန်သွယ်ရေးအတွက် သီးသန့်မြို့တံခါးဖြစ်၍တခြားမည်သူမျှ မင်းမိန့်ကလွဲ၍ဘယ်အကြောင်းပြချက်နှင့်မျှဖြတ်သန်းသွားလာခွင့်မရှိ။ထိုဂိတ်တံခါးတွင် တံခါးမှူးအနေဖြင့် မုံ့ရှောင်ဖုန်း ကကြီးကြပ်ကွပ်ကဲရပြီး သူကနေမှတစ်ဆင့်မြို့ထဲသို့ဝင်ခွင့်ရလေသည်။များသောအားဖြင့်ကုန်းလမ်းနှင့်အနီးအနားမှ မြို့များကသာ လာရောက်ကုန်သွယ်ကြသောကြောင့် အထူးစောင့်ကြပ်ကွပ်ကဲရန် ကြီးကြီးမားမားမရှိသလို ပြဿနာလဲကြီးကြီးမားမားမရှိပါ။ဒါကြောင့် တပ်ဖွဲ့စိတ်အနည်းငယ်ဖြင့်သာ စီမံကွပ်ကဲမှု့ပြုလေသည်။
              နောက်ထပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုက ရေလမ်းကနေတဆင့်ကုန်သွယ်ရသည့်လမ်းကြောင်းပင်ဖြစ်သည်။ထိုရေလမ်းကုန်သွယ်ရေးသည် ကုန်းလမ်းထက် အရှုပ်ထွေးဆုံးနှင့်စဉ်နှစ်တိုင်းခေါင်းခဲစရာပြဿနာများဖြစ်ရပ်များပေါ်ပေါက်ရာအခြေခံနေရာဖြစ်လေသည်။အဓိကပင်မရေလမ်းကြောင်းကုန်သွယ်ရေးသည် မြို့၏တစ်ခုတည်းသောအထင်ကရအသက်သွေးကြောဖြစ်သည့် ပြည့်လျံဆိပ်ကမ်းကနေစတင်သောကြောင့် ဆိပ်ကမ်းမှတစ်ဆင့် မြို့ထဲကို တိုက်ရိုက် ဝင်နိုင်လေသည်။ပြည့်လျံဆိပ်ကမ်းသည် ရေလုပ်ငန်း၊ငါးလုပ်ငန်းလုပ်ကိုင်ရာနေရာလဲဖြစ်သလို၊နယ်ဝေးရပ်ခြားတိုင်းတပါးဒေသမှ လူများလာရောက်ကုန်သွယ်ရာနေရာဖြစ်သောကြောင့် အမြဲတမ်းလိုလို ဆိပ်ကမ်းအလုပ်သမားများ၊ငါးဖမ်းသဘောင်္များ၊ကုန်သည်သင်္ဘောများ ရောင်းဝယ်ဖောက်ကားရာနေရာဖြစ်နေ၍ အမြဲတစေလူများဖြင့်ရှုပ်ထွေးနေတတ်ကာ မျက်ခြေမပြတ်ကြပ်မတ်စောင့်ကြပ်ကြည့်ရှု့ရလေသည်။အတိမ်းအစောင်းခံလို့မရပေ။တစ်ချက်ကလေးသတိလွတ်လိုက်လျှင် ပြဿနာတစ်ခုမဟုတ်တစ်ခုက ပေါ်လာစမြဲ။
          ကုန်းလမ်းသည် မြို့ထဲသို့ဝင်လျှင် ဂိတ်တံခါးကိုဖြတ်ရမည်။ဘယ်ကနေဝင်ဝင် ကုန်သွယ်ရေးဂိတ်တစ်ခုကိုဝင်ဝင်ချင်းသေချာပေါက်စဖြတ်ရမည်ဖြစ်သောကြောင့် မသမာတဲ့နည်းနဲ့ ဝင်လို့မရနိုင်။များသောအားဖြင့်လည်း ကုန်းလမ်းသည် နီးစပ်ရာပြည်နယ်တွင်းရှိမြို့များမှသာ လာရောက်တတ်ကြသည့် ကုန်သည်အသေးစားလေးများသာ၊ရံဖန်ရံခါမှသာ မြို့ကြီးများမှလာရောက်ရောင်းဝယ်ဖောက်ကားတတ်သော ကုန်သည်ကြီးများသာ ဖြတ်သန်းတတ်ကြတာဖြစ်သည်။ရေလမ်းကထိုကဲ့သို့မဟုတ် ပင်မဆိပ်ကမ်းသည် အစကထဲကကြီးသည့်အပြင်မြို့တွင်းထဲမှာရှိလေသည်။တိုင်းတစ်ပါးကပါလာရောက်ကုန်သွယ်ကြသောကြောင့်အမြဲတမ်းလူဝင်လူထွက်လဲများသည်။မြို့တွင်းဂိတ်ပေါက်တစ်ခုအနေနဲ့ထားရှိကာ မြို့ထဲသို ငုံ၍ဖောက်ထားသဖြင့် အကြီးမားဆုံးကုန်သွယ်ရေးလမ်းကြောင်းဖြစ်တာကြောင့် မြို့၏အချက်အချာကြရာ ကုန်သည်ဈေးသို့ တိုက်ရိုက်ပေါက်လေသည်။ဒါကြောင့်အစောင့်အကြပ်လဲများလေသည်။သို့ပေမဲ့ ဆိတ်ကွယ် ရာနေရာဆိုတာရှိစမြဲဆိုသလို မကောင်းတဲ့နေရာမှာ ကမ်းကုန်အောင်ယုတ်မာချင်ကြသူများကလဲရှိတာကြောင့် ရေလမ်းကြောတစ်လျှောက် ဆိပ်ကမ်းနယ်နိမတ်နှင့်လွတ်သည့်နေရာကနေတစ်ဆင့် ခိုးဝင်ကြသည့်ကုန်သည်များနှင့် ရောင်းစားခံရသည့် ကျေးကျွန်များ တခြားအဖိုးတန်းပစ္စည်းများကလဲ ဒုနဲ့ဒေ။တရားဝင်အခွန်ဆောင်ကာရောင်းဝယ်ဖောက်ကားခွင့်မပြုသောကုန်ပစ္စည်းများအား တရားမဝင်သည့်ရောင်းဝယ်ဖောက်ကားမှု့အား နယ်နိမိတ်အတွင်း၊အပြင်ရှိ လူပေါင်းစုံကခိုးလုပ်လာကြသည်။ဥပမာ လက်နက်ခဲယမ်းပစ္စည်းနှင့်လူများခိုးဝင်၊ခိုးထုတ်လာကြခြင်းဖြစ်သည်။တစ်နည်းအားဖြင့်ဆိုသော် တရားမဝင်ကျွန်များအဖြစ်ရောင်းစားခံရသူများသည် ထိုနည်းဖြင့်ရောင်းစားခံလိုက်ကြရသူများဖြစ်လေသည်။ကုန်းလမ်းက ထိုကဲ့သို့လူအများကြီး၊သို့မဟုတ် ပစ္စည်းအများကြီးအား တစ်ခါထဲသယ်ယူထုတ်သွားဖို့ရာအလွန်သိသာနေသည့်အပြင် နယ်လှည့်စစ်သားများနှင့်လဲတိုက်ရိုက်တိုးနိုင်သောကြောင့်လုပ်ဖို့ရာမလွယ်။
Salvation To My Beloved Queen(ချစ်လှစွာသောမိဖုရားလောင်းကိုကယ်တင်ခြင်း)حيث تعيش القصص. اكتشف الآن