အခန်း ၂။ ချစ်သက်တမ်း ရက်၁၀၀
ရှောင်းကျန့်တို့နှစ်ယောက် အတူလျှောက်လာသည်ကိုမြင်သည်နှင့် ဧည့်သည်နှစ်ဦးက ကိုယ်စီမတ်တပ်ရပ်ကာ လက်တစ်ဘက်ကမ်းပေးရင်း နှုတ်ဆက်ကြသည်။
"အင်တာဗျူးလုပ်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ"
"ဟုတ်ကဲ့ထိုင်ပါဦး ဒီကမိတ်ဆွေလည်း သွားစရာရှိသေးတယ်ဆိုတော့ စလိုက်ကြတော့မလား"
"တောင်းဆိုတာကိုလက်ခံပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ အားလည်းနာမိပါရဲ့"
"ရပါတယ်ဗျာ ကျွန်တော်နားလည်ပါတယ်"
"ဒါဆို အင်တာဗျူးစလိုက်မယ်နော်"
သတင်းထောက်ကောင်လေးက ရှောင်းကျန့်ဆီသို့ သူတို့သတင်းဌာန၏စာလုံးပါသော မိုက်တစ်ခုကိုကမ်းပေးလိုက်သည်။ ထို့နောက် ဘေးသို့လှည့်ကာ ခေါင်းညိတ်အချက်ပြလိုက်သည့်နောက် ကင်မရာမန်းက စတင်ကာရိုက်ကူးသည်။
"မင်္ဂလာပါခင်ဗျာ ကျွန်တော်ကပိုင်မင်းယန်ဖြစ်ပါတယ် အခုကျွန်တော်အင်တာဗျူးလုပ်ဖို့ရောက်ရှိနေတာကတော့ ပရိတ်သတ်တွေရဲ့ အချစ်တော်မင်းသားလေးရှောင်းကျန့်ရဲ့ စတူဒီယိုမှာပါဗျ"
ပိုင်မင်းယန်က ကင်မရာဘက်သို့မျက်နှာမူကာ မိတ်ဆက်ပြီးနောက် ရှောင်းကျန့်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
"မင်္ဂလာပါအစ်ကိုရှောင်းကျန့်ရေ"
"မင်္ဂလာပါခင်ဗျာ"
"အင်တာဗျူးလုပ်ဖို့လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ အစ်ကို့ရဲ့ဒုတိယမြောက် ဇာတ်ကားဖြစ်တဲ့ မေတ္တာနှောင်ကြိုးကို မကြာခင်မှာထုတ်လွှင့်ပြသတော့မယ်ဆိုတော့ ခံစားချက်လေးကိုသိပါရစေဗျ"
"အမှန်အတိုင်း၀န်ခံရရင် စိတ်လှုပ်ရှားနေတယ်ပေါ့ဗျာ ဒါပေမဲ့အကောင်းဆုံးကြိုးစားထားတာမို့ ပရိတ်သတ်တွေ နှစ်သက်ကြလိမ့်မယ်လို့တော့ ယုံကြည်ပါတယ်"
"bromance ဇာတ်လမ်းအဖြစ် ပြန်လည်ရိုက်ကူးတာမို့ ပရိတ်သတ်တွေကတော့ အတော်လေးမျှော်လင့်စောင့်စားနေကြပြီဗျ အစ်ကိုကရော"
YOU ARE READING
မက်မွန်ပွင့်တို့သက်သေတည်၍ (season 2/COMPLETE)
FanfictionဒီBook က ယခင်"မက်မွန်ပွင့်တို့သက်သေတည်၍"ရဲ့ Volume 2 ဖြစ်ပါတယ်။ ယခင်fictionမှာတုန်းကနှစ်ယောက်သား ပြန်လည်ဆုံစည်းခဲ့ကြပြီိတော့ ဒီမှာ ဘယ်လိုတွေ အတိုးချချစ်ကြ၊ rs စာကျွေးကြ၊ roကြ၊ sweet ကြမလဲဆိုတာတော့ စောင့်မျှော်ဖတ်ရှုပေးပါဥ...