ကျွန်တော်နာမည်က ဝမ်ရိပေါ် မိဘမဲ့တစ်ယောက်
မွေးကတည်းက အဖေအမေဘယ်သူမှန်းမသိတဲ့ဘဝ
ပေါ့ဗျာမိဘမဲ့ဂေဟာမှာနေရင်း မွေးစားမဲ့မိဘတွေစောင့်မျှော်ရတဲ့ဘဝပေါ့ဗျာ
ဂေဟာမှာ ဝိုင်းအနိုင်အကျင့်တာတွေရှိပေမဲ့ကျွန်တော်ကပြန်စော်ပစ်တာကြောင့် ဂေဟာမှူးရဲ့ ဆူတာကိုအမြဲခံရတယ်"မင်းအခုမှ၁၂နှစ်ပဲရှိသေးတယ် လူမိုက်လုပ်ချင်နေတာလား ဒီလိုအကျင့်ဖြစ်နေရင် ဘယ်သူမှမွေးစားမှာမဟုတ်ဘူး လိမ္မာတဲ့ကလေးပဲလူတွေက မွေးစားချင်တာ"
"ကျွန်တော်ကို အဖေအမေရင်းကတောင်မလိုချင်လို့ပစ်သွားတာပဲလေ မွေးစားမဲ့သူမပေါ်လာလည်း ကိစ္စတော့မရှိပါဘူး"
"မင်းဒီထက်ဆိုးလာရင် ဂေဟာမှာဆက်ထားဖို့စဥ်းစားရတော့မယ်"
"ဖာသာ ကျွန်တော့ကိုနှင်ထုတ်ချင်ရင်လည်းရပါတယ်
ကျွန်တော်ကျောင်းလည်းဆက်မတက်ချင်တော့ဘူး
အလုပ်တစ်ခုလုပ်ချင်နေပြီ""မင်းကအခုမှ၁၂နှစ်ပဲရှိသေးတာလေ အပြင်လောက
ကရက်စက်တယ် မဖြစ်သေးပါဘူး""ဟေ့စဲ့ပိုင် "
"ရှောင်းကျန့် မင်းက လာမယ်ဆိုရင်လည်း ကြိုအကြောင်းမကြားဘူး"
"ငါကဘယ်အချိန်လာမယ်ဆိုတာမသေချာလို့လေ
အခုကအလုပ်ကိစ္စနဲ့လမ်းကြုံဝင်လာတာ ဒါနဲ့
ဒီကလေးက""ဒီကလေးနာမည်က ဝမ်ရိပေါ် မနေ့ကရန်ဖြစ်လို့ခေါ်ဆူနေတာ "
ဝမ်ရိပေါ်တစ်ယောက် သူ့ကိုစူးစိုက်ကြည့်နေတဲ့ ရှောင်းကျန့်ကိုပေစောင်းစောင်းပြန်ကြည့်ပေးလိုက်တယ်
ရှောင်းကျန့်ကတော့ ထိုအကြည့်ကြောင့်သဘောကျပြီး
ပြုံးမိသွားတယ်"ဘယ်ကနေစဖြစ်တာလဲမမေးကြည့်ဘူးလား"
"အမှန်တော့ ဒီကလေးကသူ့ဘာသာနေတာကိုဟိုအုပ်စုက ရန်စတာ ဒီကလေးကစကားနည်းတယ်
ပြီးတော့ လက်နဲ့ပဲစကားပြောတတ်တာ အဲ့မှာပြဿနာစတာ"

ESTÁS LEYENDO
Wangyibo💚Xiaozhan❤
Fanficစိတ်ကူးပေါက်ချိန်ရေးခြင်းဖြစ်ပြီးတော့ ကိုယ့်ဘာသာဖတ်ဖို့ရေးခြင်းဖြစ်သည် အရေးအသားစုတ်ချာသောကြောင့်မဖတ်ကြပါရန်မေတ္တာရပ်ခံပါသည်