Heal me

4.4K 250 1
                                    

Lisaလည်း သူမ၏ ဝိုင်ရနံ့သင်းနေသော နှုတ်ခမ်းလေးအား အလိုက်သင့်
ညင်သာစွာပြန်နမ်းလိုက်မိသည်........ ထို့နောက်အနမ်းများပိုမိုပြင်းထန်လာပြီး သူမလည်တိုင်လေးများကို သူနမ်းရှိုက်လိုက်မိသည်....... အကြောစိမ်းလေးများနှင့် လှပသော လည်တိုင်လေးအား အသည်းယားစွာစုပ်ယူလိုက်တော့.....
"အင်းးး.......အင်း.........”သူမနာကျဥ်စွာညီးသံလေးထွက်လာသဖြင့် သူ သူမအား နမ်းနေရာမှခွာကာ သူမ မျက်ဝန်းလေးများအား စိုက်ကြည့်လိုက်ရင်း......

"Jenn..........sorry ကိုယ်စိတ်နဲနဲလွတ်သွားမိတယ်...... နာသွားလားဟင်......”
သူမ ခေါင်းခါပြလိုက်တော့ သူပြုံးက သူမ ပါးဖောင်းဖောင်းလေးကို လက်ကလေးနှင့် လိမ်ဆွဲပြီး သူမ နဖူးလေးမြတ်နိုးစွာနမ်းရှိုက်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခုချလိုက်မိသည်......

ထို့နောက် သူမကိုယ်လေးကို ထွေးဖက်ကာ...........
"Jenn ရယ် ကိုယ်မင်းကို အရမ်းချစ်တယ်......  ပြောပြလို့မရနိုင်အောင်ကိုချစ်တာ......  ချစ်လွန်းလို့ နှလုံးသား တစ်ခုလုံး ပေါက်ထွက်သွားမလားတောင် ထင်ရတယ် သိလား...... .”

သို့သော်သူမကတော့မကြားနိုင်ခဲ့........
Lisaပခုံးလေးပေါ်မေးတင်လျှက်အိပ်ပျော်သွားပြီဖြစ်သည်......

"Jenn..... ကိုယ်ပြောတာကြားလားဆို....... ဟင်း အိပ်ပျော်နေပြီလား......မြန်လိုက်တာ......" သူနှစ်ခြိုက်စွာပြုံးလိုက်မိသည်....... ကလေးဆိုးလေးဘဲ........ အိပ်ပျော်နေသောသူမအား ဟိုတယ်သို့ပြန်မပို့တော့ဘဲ
သူ့အိမ်သို့ပင် မောင်းခဲ့တော့သည်....

Jenn နိုးလာတော့ ခေါင်းကိုက်နေသဖြင့် ခေါင်းကိုဖိရင်း မျက်လုံးကိုဖြည်းညှင်းစွာဖွင့်လိုက်မိသည်.........
တွေ့လိုက်ရသော မျက်နှာကျက်ဖြူဖြူကြောင့် ဘေးဘီလှည့်ကြည့်လိုက်မိသည်......... သူမမသိသော အခန်းတစ်ခန်းထဲသူရောက်နေသည်......
သူကမန်းကတမ်းထလိုက်တော့....... တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်မျက်လုံးပြူးသွားကာ....
"ဟင်..... ငါ့အဝတ်အစားတွေကဘယ်လို့ဖြစ်တာလဲ”ဟု သူမ ရေရွတ်လိုက်တော့......
"ဘာဖြစ်လို့ ကိုယ်လဲထားပေးတာလေ......”ဟု စောင်ပုံထဲမှ အသံထွက်လာသဖြင့်

Love at first sight 😍Where stories live. Discover now