Zawgyi
" ငါဘယ်မှာလဲ"
တစ်မိနစ်လောက်ကြာပြီးတဲ့နောက်တွင် သူသည် ရှေးခေတ်တရုတ်စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲကလို ရှေးခေတ်အဝတ်အစားတွေဝတ်ဆင်ထားသော လူအုပ်ကြီးထဲတွင် ရောက်နေကြောင်း space ကြီးကို ကြည့်နေသော မင်းယွီသတိထားမိလိုက်သည်။
သူ့အရှေ့ကမြင်ကွင်းသည်အရမ်းစိတ်ရှုပ်ဖို့ကောင်းနေသည်။
အာ...သူမော့ကြည့်လိုက်သည်။ ကောင်းကင်ကြီးကလည်းအပြာရောင်ပါ ဒါပေမယ့် သူသိတဲ့ အရောင်ထက်တော့နည်းနည်းရင့်နေသည်။ကြည်လင်ရှင်းလင်းနေပြီး မြို့မှာနေတဲ့သူ့အတွက် အလွန်ထူးဆန်းသောမြင်ကွင်းဖြစ်သည်။
အပြာရင့်ရောင်ကောင်းကင်ကြီးက ရုတ်တရက်ပေါ် လာပြီး သူ့မြင်ကွင်းကိုဖုံးအုပ်သွားသည်။
ရှော့ရနေရာမှ ရုတ်ခြည်းအသိဝင်လာကာ လေကို အမှတ်တမဲ့ရိုက်လိုက်မိသည်။ ဘယ်သူမှမရှိပေ။ သူ့လက်ကလေကိုပဲရိုက်မိသွားပြီး သူ့လက်မောင်းက သုံးဖက်မြင်ဖြစ်နေတာတောင်မှထိလို့မရတဲ့ screenကို ပဲဖြတ်မိသွားသည်။
......စာတစ်စောင်လက်ခံရရှိပါတယ်.....
......စာ?ဘယ်သူ့ဆီကလဲ......
Admin:"အံသြသွားလား ငါ့ကို adminလို့ပဲခေါ်ပါ ငါမင်းကိုခဏလေးစောင့်ကြည့်နေတာပါ မင်းဘယ်ရောက်နေလဲသိချင်ရင် ဒါမင်းရဲ့ဝတ္ထုထဲမှာပဲ သူတို့ကိုနောက်ဆုံး print ထုတ်နိုင်တဲ့အထိ မင်းဒီမှာနေပြီး အတွေ့အကြုံယူတာက မင်းအတွက်ပိုကောင်းမယ်လို့ငါထင်တယ်
ဒီစာမူတွေက မင်းအကြင်နာမဲ့စွာ စင်ထဲထိုးထည့်ထားတဲ့ဟာတွေဆိုတာကိုသတိရပါ "စာမူတွေလား?.....
[မင်းရဲ့ယုံကြည်မှာုမရှိတာတွေကြောင့် ပြောရမှာသောက်ရမ်းစိတ်ပျက်ဖို့ကောင်းတယ်ကွာ မင်းရေးထားတဲ့စာတွေက သောက်ရမ်း ကောင်းတယ်ဆိုတာကို မင်းသိဖို့ ဒီးခရီးစဉ်တလျှောက်မင်းနဲ့ပူပေါင်းဖို့ ငါဒီမှာရှိနေတာပဲ ပြီးတော့ သောက်ယုံကြည်ချက်တွေများ မင်းရမလားလို့လေ]
[မင်းရေးခဲ့တဲ့နောက်စာမူကြမ်းတွေဆီရောက်တဲ့အခါမှာ သေရမှာကိုမစိုးရိမ်ပါနဲ့
သတင်းကောင်းကမင်း မသေနိုင်ပါဘူး မိုက်တယ်မလား.....
မင်းရဲ့သေခြင်းတရားပေါ်မူတည်ပြီးတော့ အခက်အခဲတွေကြုံရမယ်ဆိုပေမယ့် မဆင်မခြင်လုပ်စရာမလိုပါဘူး အကြင်နာတရားမဲ့စွာမသေပါဘူး ]
YOU ARE READING
I Picked Up A Husband While Trying To Become An Author(raw Mmtran)
Fantasyမင်းယွီသည် စာရေးဆရာတစ်ယောက်ဖြစ်ချင်ပေမယ့် အချိန်ပိုင်းအလုပ်တွေ လုပ်ရင်းနဲ့သာ ရှင်သန်နေတဲ့အသက်25 နှစ်ရှိသောကောင်လေးတစ်ယောက်ဖြစ်သည်။ ဒါပေမယ့် မိမိကိုယ်ကို တန်ဖိုးထားခြင်းမရှိပဲ အရှုံးပေးမှုတွေကြောင့် သူ၏စာမူကိုအံစွဲထဲထည့်ကာ ဝှက်ထားလိုက်သည်။ အိမ်အပြန်လ...