" ဒီနေ့ ကျောင်းစတက်ရမှာဆိုတော့ အဆင်ပြေပါစေကွယ်
ကျောင်းပြောင်းခါစဆိုတော့ သူငယ်ချင်းအသစ်တွေနဲ့ တည့်အောင်ပေါင်းနော် သားလေး""ဟုတ်ကဲ့ပါဖေဖေ သားအတွက်အဆင်ပြေမှာပါ ဒါပေမယ့် နည်းနည်းတော့ကြောက်တယ် ဖေဖေ"
ဟုတ်ကဲ့ ကျွန်တော့်နာမည် စွမ်းထက်မိုး ပါ။ ကျွန်တော်က အခု ဖေဖေနဲ့နေပါတယ် ။ မေမေကတော့ ကျွန်တော်လေးတန်းကတည်းက ဆုံးသွားတာပါဗျာ။ ဖေဖေ့နာမည်က ဦးမိုးမြင့်ပါဗျ။ ကျွန်တော်က အခု ၈ တန်းတက်ရမှာလေ။ ကျွန်တော်တို့က အရင်က မန္တလေးမှာနေတာဗျ။ ဖေဖေက ရွှေဘိုမှာ ဆွေမျိုးတွေရှိတာနဲ့
ကျွန်တော် ၈ တန်းနှစ်ရောက်တော့ ပြောင်းလာတာလေ။ အခုကျောင်းအသစ်မှာတက်ရမှာဆိုတော့ ပျော်တယ်ဗျာ။ ပိုပျော်တာက ရွှေဘိုမှာ တက်ရမှာမို့။ တစ်ခုပဲ ကျွန်တော် လူတွေကို ကြောက်တဲ့စိတ်က အကျင့်ကြီးလိုဖြစ်နေတာဗျာ။
အဟမ်း အဟမ်း မိတ်ဆက်တာပြီးပြီနော်။။။"(အမှတ်-၃)အခြေခံပညာအထက်တန်းကျောင်း-ရွှေဘိုမြို့"
"ကဲ သား ကျောင်းရောက်ပြီဆိုတော့ ဖေဖေပြန်တော့မယ်
ကျောင်းဆင်းချိန်အမီ လာကြိုမယ်နော် သားလေး""ဟုတ်ကဲ့ ဖေဖေ"
................
"ကဲ ဒါက ဆရာမတို့ကျောင်းကို အခုမှ ပြောင်းလာတဲ့
ကျောင်းသားအသစ်ပါ
သား နာမည်မိတ်ဆက်လိုက်ပါဦးကွယ်""ကျွန်တော့်နာမည် စွမ်းထက်မိုး ပါဗျ"
"သားက သေးတော့ မြောက်ဘက်roleရဲ့ ရှေ့ဆုံးခုံက နှစ်ယောက်ကြားမှာ ဝင်ထိုင်လိုက်နော်
အားလုံးကလည်း ကျောင်းသားအသစ်လေးကို ဖေးမလိုက်ကြပါဦးကွယ် ကဲ ကဲ Engစာအုပ်ထုတ်ကျ စာသင်ရအောင်"
ဒါကတော့ ၈ တန်း (B)ရဲ့ အတန်းပိုင် ဆရာမ ဒေါ်ထက်ခိုင်ပါ။။။။............(မုန့်စားဆင်းချိန်)
"စွမ်းထက်မိုး..."
"ဗျာ"
"သြော် ဘာမှ မဟုတ်ဘူး ငါ့နာမည်က ရဲဝင့်ကျော်
သူ့နာမည်က ခန့်ကျော်ဇော် ဟဲဟဲ မိတ်ဆက်တာလေ
အတူတူထိုင်တာဆိုတော့ မိတ်ဆက်ဖို့လိုတာပေါ့ကွာ"