Grief-11⚠️

1.6K 132 12
                                    

တစ်ခန်းလုံး ပျံ့နှံ့နေသည့် ရေငွေ့မှုန်များနဲ့ အနံ့များ
ကြောင့် သူအံ့ဩမှုဖြင့် ပါးစပ်အဟောင်းသားပင် ။
ရင်မော၍ သက်ပြင်းကလည်း ချမိလျက် ။
ယခုမွှန်ထူနေသည်က ဟိုတစ်ချိန်တွေကလို ဒီကောင်
လေး စိတ်မပျော်တိုင်းမှီဝဲတတ်သည့် စီးကရက်မီးခိုးနံ့
မဟုတ်ပါချေ အမွှေးနံ့အီသော လဗင်ဒါ ရေမွှေးနံ့
လှိုင်လှိုင်သာ ။ကိုယ်လုံးပေါ်မှန်ရှေ့ ဟိုဒီဒီယိမ်းထိုးရင်း
ကကွက်အသစ်ဆန်းတွေနဲ့ sprayဘူးရှည်ရှည်အား
ကိုင်မြှောက်ကာ ခေါင်းထက်မှသည် တစ်ကိုယ်အနှံ့ဖြန့်
ကျက်နေသည်က အရင် ပုံစံနဲ့မှ လားလားမဆိုင်ပေ ။

'မပြီးသေးဘူးလား...'

'အင်း...မပြီးသေးဘူး...'

နတ်မြှူ၍ ပျော်ရွှင်နေသော ကလေးငယ်အလား
မြူးကြွနေသည့် ယင်းကောင်လေးက သူ့ကိုရွဲ့၍
ပြန်ဖြေခြင်းမဟုတ်သော်ငြား ဒီအပြန်စကားကို
သူသဘောမကျပေ ။

'ရား...!ဂျောင်ကု...အရစ်ရှည်မနေနဲ့ကွာ...မင်းဟာလေးဆီ...မြန်မြန်သွားတွေ့ပြီး...မြန်မြန်ပြန်ရမယ်...
ဒါရိုက်တာစောကို သွားနှုတ်ဆက်ပြီး...ဝင်စရာတွေ
လည်း...ရှိသေးတာကို...'

'ဘာလို့မြန်မြန်ဆိုတာကြီး...ထည့်ထည့်ပြောနေတာလဲ...?အစ်ကိုရာ...ဒိတ်ဆိုတာ...အေးဆေးနှေးနှေး
ကွေးကွေးလေး...အစပြုပြီး...ရင်ခုန်စွာနဲ့...
အဆုံးသတ်...'

'တယ်...ငါလုပ်ရင်သေတော့မယ်...'

နဖူးပြင်ထက်က ဝဲကျနေသည့် ဆံသားမျှင်တို့ကို
Gelသုံးကာ တစ်လွှာချင်း နေရာချနေသည့် ကောင်လေးက လက်စွမ်းပြကာ ခေါင်းအုံးပျံလွှတ်တင်လိုက်
တဲ့သူ့ကြောင့် အမြန်ရှောင်လိုက်ရင်း ပြုံးတုံးတုံးနှင့်
ပြောလက်စ စကားတို့ပင် ရပ်သွားလေသည် ။
ငါ့ကို အမောဖောက်ပြီး မြန်မြန်သေအောင် သတ်နေသလိုပဲ ဂျောင်ကုရယ်...

'ဘာလို့လောနေတာလဲလို့...ကျွန်တော်လည်း...ငြိမ်း
ငြိမ်းချမ်းချမ်း...နေချင်သေးတယ်လေဗျာ..တစ်ခါတစ်လေတော့လွှတ်ထားပေးပါလား...'

'ဟာ...မင်းနေချင်တိုင်းနေနေတာ...ဘယ်လောက်ကြာ
ပြီလဲပြော...ဂျီမင်းဆိုတဲ့...ကောင်လေးဆီခနခန
မင်းသွားနေတာလေ...အဲ့လမ်းက...ချောင်းတောင်
ပေါက်နေလောက်ပြီ...ခုလည်း...ချိန်းထားတယ်ဆိုလို့
...ငါခွင့်ပြုပေးထားတာပဲ...ကိုယ့်ကိုကိုယ်လည်း...
နာမည်ကြီး မင်းသားဆိုတာ...သိအုံးကွ...သိတတ်အုံး...'

Grief(Completed)Where stories live. Discover now