အပိုင်း ၉

11.4K 1.1K 38
                                    

Unicode
အတန်းထဲသို့ မျက်နှာကြီးရှုဲ့မဲ့စွာ ဝင်လာသောJungkook။

" Jungkook ဘယ်လိုလဲ။ဆရာ့လက်ရာကောင်းလား ''

" လာမပြောနဲ့ ငါ့ကို ''

" ဟားဟားဟား ပြစမ်းပါဦး ငါ့ကောင်ကြီးရယ် ကျောကုန်းများပုတ်သွားပြီလားလို့ ''

ကျောကုန်းကိုဟိုဘက်စမ်း၊ဒီဘက်စမ်းနေသော Tae။

" မင်းကြီးတော် လာထိနေတာလား! နာတယ်ဟ! "

" မင်းလည်း ဆရာနဲ့တွေ့မှ ငဖယ်လုံးလုံးဖြစ်တော့တယ် ဟားဟားဟား ''

လူကိုရယ်စရာလုပ်နေသော Taeရဲ့ ​ေ-ာက်ခွက်ကို သုံးချက်၊လေးချက်လောက် ဆွဲထိုးချင်ပါဘိ!။

" နားညီးတယ် Taeရာ...တိုးတိုးသက်သာ ရီစမ်းပါ ''

" ဟေ့ဟေ့! ဟိုမှာဆရာသေးသေးမဟုတ်လား? "

အခန်းဘေးနားကနေ ဖြတ်လျှောက်သွားသော ဆရာသေးသေး။

" သွားမယ် သွားမယ် ''

Taeကိုဂုတ်မှဆွဲကာ အတန်းအပြင်ဘက်ထွက်၍ ဆရာသေးသေးရှေ့ပိတ်ရပ်လိုက်သည်။

" ဆရာသေးသေး ''

ဆရာသေးသေးက ကျွန်တော့်ကိုလျစ်လျူရှုရုံသာမက ပုခုံးပါတိုက်ကာ သူသွားရာလမ်းကြောင်းအတိုင်းသွား,သွားသည်။

" ဘာလဲဟ ဆရာသေးသေးကငါ့ကိုစိတ်ဆိုးနေတာလား? ''

" ဖြစ်မှာပေါ့။မင်းကလူဘုံလယ်ကြားမှာ ဆွဲနမ်းပြစ်မယ်လို့အရှက်မရှိအော်တာကိုး။ ခံရတာတောင်နည်းသေး ''

" အဲ့လိုဆိုတော့ မတရားဘူးလေ ခံရတာလည်းငါ၊စိတ်ဆိုးခံရတာလည်းငါ ''

" ကောင်းတယ် ညနေကျရင် ဆရာ မင်းအိမ်လာတော့မှာမဟုတ်ဘူး blah blah ''

မိမိကိုလျှာထုတ်ပြကာ အတန်းထဲသို့ ပြန်ဝင်သွားသော Tae။

Taeစုတ်!အကြံဥာဏ်ပေးမယ်ကိုမရှိဘူး!။

အကြံဥာဏ်မပေးလည်း ငါ့နည်းငါ့ဟန်နဲ့ ချော့ရတာပေါ့။ဘာခက်လဲ။

ခပ်လှမ်းလှမ်းမှာရှိနေတဲ့ ဆရာသေးသေးနောက်ကိုပြေးလိုက်သွားသည်။

ကျောင်းသူတစ်ဦးနဲ့ စကားစမြည်းပြောနေသောကြောင့် အလိုက်တသိရှောင်ပေးလိုက်သည်။

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Donde viven las historias. Descúbrelo ahora