''နှင်းဖြူပန်းတွေဝေဝေ ဆာဆာပွင့်နေပြီ ဝေ့ရင်း မင်းပြန်မလာသေးဘူးလား။
ကိုယ်တော်မင်းမရှိပဲ အသက်မဆက်ချင်တော့ဘူး..အဟွတ့် အဟွတ့်..''နန်းဆောင်အပြင်ဘက်မှာ ချမ်းအေးလောက်အောင်ခိုက်ခိုက်တုန်စေမဲ့နှင်းပွင့်လေးတွေက မြေပြင်ထက်သက်ဆင်းနေရှာတယ်။
လေပြေဝှေ့လိုက်တိုင်း ယိမ်းနွဲ့နေတဲ့ ဆာကူယာတွေက လောကကြီးကိုလှောင်ရယ်နေသလို..လှဂုဏ်တွေနဲ့ပွင့်လန်းနေရှာတယ်။''အရှင်မင်းကြီး... မိဖုရားဝေ့ရဲ့ ပုံတူပန်ချီကို
သိမ်းရတော့မလား။''''မလိုဘူး...ထားလိုက်ပါ
ကိုယ်တော်ရဲ့နောက်ဆုံးထွက်သက်ထိ
ဝေ့ရင်းရဲ့မျက်နှာလေးကို အဝကြည့်သွားပါရစေ။''အထိန်းတော်ကြီး မင် လည်းဝမ်းနည်းစိတ်တွေကြောင့် အသံများပင်တုန်ယင်နေခဲ့ပြီ
လန်မင်းကြီးကိုကြည့်ပြီး စိတ်ထဲအတော်လေးကြေကွဲစို့နင့်နေသည့်ပုံပဲ။ခုဆိုရင် မိဖုရားဝေ့ရင်း ဆုံးတာ ၅နှစ်တိတိရှိခဲ့ပြီလေ..
ထိုငါးနှစ်အတွင်းမှာ လန်မင်းကြီးတစ်ယောက် စိတ်သွားတိုင်းကိုယ်မပါပဲ လောကထဲအသက်မရှင်ချင်သည်အထိသူစိတ်ထိခိုက်ခဲ့ရှာတယ်။သူသိပ်ချစ်ရတဲ့မိဖုရားဝေ့က သူ့ကိုယ်သူ
အဆုံးစီရင်သွားတယ်လေ..ဒါကလည်း
ယုတ်မာလွန်းတဲ့ ဦးရီးတော်ကြောင့်ပါ။အသက်သာ အသေခံလိုက်မယ်.. ဘဝကိုတော့ ပုံမပေးဘူး ဝေ့ရင်းမင်းကြီးအပေါ်သစ္စာမဖောက်ဖျက်နိုင်ဘူး ဒါကြောင့်ဒီလမ်းကိုရွေးချယ်လိုက်ရခြင်းပဲ။
ထိုနေ့က နှင်းဖြူပန်းတွေဝေဝေ ဆာဆာပွင့်နေပြီး လန်တိုင်းပြည်ကြီးသွေးလွှမ်းစေတဲ့နေ့...
အကြောင်းကတော့ လန်ဧကရာဇ်ဟာ
ချစ်ရသူကိုဆုံးရှုံးခဲ့ရပြီး ဝေ့ရင်းကိုဒီအဖြစ်ဆိုးတွေနဲ့ကြုံတွေ့ရအောင် လုပ်တဲ့သူကို ကွပ်မျက်ရင်း လန်နန်းတော်ကြီးသွေးလွှမ်းခဲ့ရခြင်းပါ။သူသိပ်ချစ်တဲ့ မိဖုရားကိုမှ စော်ကားဖျက်ဆီးဖို့ကြံစည်ခဲ့တဲ့အတွက် ဦးရီးတော်
လန်ချိုဝမ်ကို ကိုယ်တိုင်ပဲသတ်ပြစ်ခဲ့တဲ့လန်ဧကရာဇ်။