Locker ထဲမှာ စတော်ဘယ်ရီမစ် တစ်ဗူးရယ်၊ပန်းရောင် စာအိတ်လေးတစ်စောင်က အမြဲတမ်းလိုလိုနေရာယူထားပြီးသားဘဲ။ ဒီလိုအရာတွေကို ရစ်ခီ ကျောင်းပြောင်းလာပြီး တစ်ပတ်အကြာမှာ နေ့တိုင်းနီးပါး ရလာတတ်တာ။ရစ်ခီက တရုတ်ကနေ ကိုးရီးယားကို ကျောင်းပြောင်းလာတဲ့ကျောင်းသားဆိုတာက သာမာန်ပေမဲ့ သာမာန်မဟုတ်တာက ကိုးရီးယားကျောင်းက လူတွေဘဲ။ ရစ်ခီကို မြင်တာနဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ကို မြင်လိုက်ရသလို ဆူညံ့ပေါလောရိုက်စမြဲဘဲ။
ရစ်ခီက အဲ့လိုမျိုးတွေကို စိတ်ရှုပ်စရာလို့ မထင်မိပေမဲ့ စိတ်ကျဉ်းကျပ်စရာလို့ မြင်မိတယ်။ ကျောင်းမှာ ရစ်ခီဘာလုပ်လုပ် ဆိုရှာမီဒီရာပေါ်ကို ရောက်သွားတာဘဲ။
သင်္ချာချိန်ဆို အိပ်တောင် မငိုက်ရဲ။ တော်ကြာနေ အိပ်ငိုက်နေတဲ့ ရှေ့ယိမ်း နောက်ယိမ်း ဗီဒိုရိုကြီး လိုင်းပေါ်ရောက်သွားမှ ဖြင့် မရှိတဲ့အရှက်က ကွဲဦးမယ်။
ကျောင်းလာတိုင်း ရစ်ခီက ရည်းစားစာကို တစ်နေ့ အနည်းဆုံး ဆယ်စောင်ရတယ်။ စီနီယာမမတွေရော၊ ဂျူနီယာညီမလေးတွေရော ဆီကပါ ရတာကြောင့် နာမည်ကြီးတာလဲ ပါမယ်။ ပြီးတော့ သူတို့တွေ အားလုံးက ရစ်ခီ့ ဆီကို တိုက်ရိုက်ပေးကြတာ။
ဒါပေမဲ့ ဒီLockerထဲက စတော်ဘယ်ရီမစ်နဲ့ ပန်းရောင်စာအိတ် ပိုင်ရှင်ကို တော့ ရစ်ခီ မသိဘူး။ အများစုက ..မဟုတ်သေးဘူး..အကုန်လုံးက ရည်းစားစာ၊ မုန့်တွေ ချော့ ကလက် တွေ စသဖြင့် ရီခီကိုဘဲ တိုက်ရိုက်ပေးကြတာများတော့ ဘယ်သူက ဘယ်ဟာကိုပေးလဲ ဆိုတာ အနဲနဲ့ အကျဉ်းတော့ လူနဲ့မျက်နှာတွဲမိသေးတယ်။
ဒီခိုးကြောင်ခိုးဝှက်လူက တော့ ထုံးစံအတိုင်း ခိုးကြောင်ခိုးဝှက်နဲ့ စတော်ဘယ်ရီမစ်နဲ့ ပန်းရောင် စာအိတ်ကိုလာထားထား ပြန်ပြီ။ ဒီတစ်ယောက်ကတော့ ရစ်ခီရဲ့ ခံစားချက်ကို တစ်မျိုးတစ်ဖုံ ဖြစ်စေတာကိုတော့ ဝန်ခံရမယ်။ အခြားသူတွေ ပေးတဲ့ မုန့်တွေကိုတော့ ဘေးက အတန်းဖော်ဂွန်းအူကို ပေးပစ်ပေမဲ့ ဒီခိုးကြောင်ခိုးဝှက်သမားလေးပေးတဲ့ စတော်ဘယ်ရီကိုတော့ ရီခီက မလွှင့်ပစ်ဘဲ သောက်တတ်တယ်။