Lisa ဆေးရုံရောက်တော့ သူ့အခန်းတွင်စောင့်နေသောသူငယ်ချင်းနှစ်ယောက်........
"ဟေး.....ဒီေန့တယ်စောပါလား.. .... ”
သူနှုတ်ဆက်လိုက်ပြီးမှထိုနှစ်ယောက်မျက်နှာမကောင်းသည်ကိုသတိပြုလိုက်မိသဖြင့်........"ဘာလဲနင်တို့နှစ်ယောက်ရန်ဖြစ်ထားကြပြန်ပြီလား........မျက်နှာလဲမကောင်းဘူး........”
Seulgiက
"Lisa ငါတို့နင့်ကို ပြောစရာ သတင်းကောင်းနဲ့သတင်းဆိုးရှိတယ်.......”
သူမျက်မှောင်ကြုတ်လျှက်
"Woww....
သတင်းဆိုးကိုအရင်ပြော.....”"ငါတို့ koreaကို ပြန်ရတော့မယ်....... seoul ဆေးရုံက ငါတို့နှစ်ယောက်ကို လှမ်းဖိတ်ခေါ်ထားတယ် အလုပ်တွဲလုပ်ဖို့.... ” သူ့အား စိတ်မကောင်းစွာပြောလာသော သူငယ်ချင်း ဖြစ်သူအား.....
"Congratulations.......အဲ့ဒါ သတင်းဆိုးစရာလားလို့...... ငါက လန့်သွားတာဘဲ.......”
"ငါတို့ သွားရင်နင်တစ်ယောက်ထဲကျန်ခဲ့မှာပေါ့ lisa ရ ကိုးရီးယားကဆိုလို့ငါတို့၃ယောက်ဘဲရှိတာလေ.......”ဟု Ireneက ပြောတော့"Its ok....... ရပါတယ် ဟာ...... နင်တို့ကလဲငါ့ကို မပူပါနဲ့,....... ကဲသတင်းကောင်းပြောချိန်ရောက်ပြီ......”
"သူနဲ့ငါ က ဟိုရောက်ပြီးတစ်လလောက်နေရင်လက်ထပ်တော့မှာ.......” seulgiက လည်ပင်းကိုပွတ်လျက်ရှက်ကိုးရှက်ကန်ဆိုတော့......
"ဘာ.....နင်တို့ က ဘယ်လို........ နေပါဦး ဘယ်တုန်းက ရည်းစားဖြစ်သွာစတာလဲ ငါလဲမသိရပါလား........""ဟိုနေ့ကစားသောက်ဆိုင်ကအပြန် သူမူးနေလို့ငါသူ့ကိုပြန်ပို့ပေးတုန်းက.... ဖွင့်ပြောလိုက်တာ...... ဟိဟိ သူကတခါတည်းအပြီးအဖြေပေးပြီးတဲ့အပြင်ဟဲဟဲ...... သိတယ်မလား.......”
Seulgiက သူ့နားသို့တိုးတိုးပြောပြပြီးနောက် ပြီတီတီနှင့်ရီပြကာ မျက်လုံးပင်တစ်ဖတ်မှိတ်ပြလိုက်သေးသည်......"အမလေး...... တယ်တော် တဲ့ seulgi လေးပါလား..... ဒါမျိုးဆို ခြေမြန်လက်မြန်နော်.....”သူ ဆိုလိုက်တော့ Ireneက မျက်နှာတစ်ခုလုံးရဲကာ seulgi အား .....
"သူများကို ဘာတွေ လျှောက်ပြောနေတာလဲ...... လာခဲ့.......”ဟု ဆိုလျှက် နားရွက်ဆွဲကာ အပြင်သို့ ဆွဲခေါ်သွားသည်......
"အား.....မိန်းမရ..... နာတယ်....... Lisaလူမလာရင်လဲလက်ဖွဲ့ကတော့ သေချာပေါက်ပို့ရမယ်နော်.......”ဟု ပြောင်ချော်ချော်နှင့်ပြောသွားသဖြင့် ထိုအတွဲကို ပြုံးကြည့်ရင်း Lisa ကျန်ခဲ့သည်.......
ESTÁS LEYENDO
Love at first sight 😍