13 / Unicode

503 88 7
                                    

[ဂေးမုန်းသူ]

အိမ်ကြီးကသူရှိနေတုန်းကလိုမဟုတ်ဘဲ ညစ်ပတ်နေတာကြောင့် အမြည်းနဲ့သေရည်တွေသွားမဝယ်ခင်က ရှင်းလင်းရေးလုပ်လိုက်ရသေးတယ်။ Ryan က ဝိုင်းမကူတဲ့အပြင် ဂျောင်တဂျောင်မှာလက်ပိုက်ပြီးရပ်ကြည့်နေတယ်လေ။ စိတ်ဆိုးမာန်ဆိုးနဲ့ စောင့်အောင်ပြီးလုပ်တော့ လိုတာတွေငါပဲသွားဝယ်ပေးပါ့မယ်ဆိုပြီးထွက်သွားတယ်။ ချက်ချင်းကြီးထွက်သွားတဲ့Ryanကို သူက လှမ်းအော်ခေါ်ပြီး ဂျာကင်တစ်ထည်ထပ်ဝတ်သွားဖို့မှာတော့ အခြေအနေက တမျိုးကြီးဖြစ်သွားတယ်။

သူကတော့ပုံမှန်ပဲ။ တကယ်တမ်းငေးငိုင်သွားတာRyanဖြစ်နေတယ်။ တံခါးလက်ကိုင်ကို ကိုင်ထားတဲ့လက်တွေကလည်း အဲ့အတိုင်းပဲ။ ရှေ့ကိုတလှမ်းတိုးမသွားသလို နောက်လည်းရွေ့မလာဘဲမင်သေသေကြီးရပ်နေတယ်။ သူက အိမ်ထဲပြေးဝင်ပြီး ဆိုဖာပေါ်ဒီအတိုင်းတင်ထားတဲ့ဂျင်းဂျာကင်ကိုယူတယ်။ နောက်ပြီး Ryan လက်ထဲထိုးပေးလိုက်တယ်။ အဲ့တော့မှ Ryan က ခန္ဓာနဲ့ဝိဉာဉ်ပြန်ကပ်လာသလို လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။

အမြည်းထည့်ဖို့ပန်းကန်တွေရယ် ခွက်တွေရယ်ပြင်ဆင်ရင်းနဲ့စောင့်နေရတယ်။ Ryan က  ရိုးရိုးသောက်ရင်ပျင်းစရာကောင်းပါတယ်ဆိုပြီး ပုလင်းလှည့်ရင်း truth or dare ကစားကြမယ်တဲ့။ ကဲ ဘယ်သူကပိုပြီး ကလေးဆန်နေလဲ။

ခွက်ချင်းတိုက်သံတွေ မီးဖိုးခန်းထဲစားပွဲဝိုင်းသေးသေးလေးကနေ ထွက်နေတယ်။ မသောက်ရသေးတဲ့ဘူးတွေအများကြီးပဲ။ တကယ်တော့ သက်တန့်ရဲ့ဘဝမှာပထမဦးဆုံး ယမကာအရည်သောက်တာဖြစ်တာကြောင့် အဝင်ဆိုးနေတော့တယ်။ Ryan ကတော့ ရေသောက်နေသလားအောက်မေ့ရအောင်ကို တခါမော့လိုက်တိုင်းကုန်စင်သွားရော။ တခွက်လောက်ပဲသောက်ရသေးတဲ့သက်တန့်ကတော့ တော်တော်လေးအာရုံတွေနောက်ကျိလာနေပြီ။

"မင်းသိပ်ပျော့တယ် third " တဲ့။ အာလေးလျှာလေးနဲ့ အဲ့လူကြီးပြောတော့ သူရယ်နေမိတော့တယ်။ ရယ်စရာမပါမှန်းသိပေမဲ့ရယ်ချင်စိတ်ကတအားဖြစ်လာတာ။

စားပွဲအလယ်တည့်တည့်ကပုလင်းကိုလှည့်လိုက်တော့ သူ့အလှည့်ကျသွားတယ်။ ဒီနေ့ဒီအချိန်ထိ ဖုံးကွယ်စရာအကြောင်းတရားရယ်လို့သူ့မှာမရှိသေးတာကြောင့် သူက Truth ကိုရဲရဲကြီးရွေးတယ်။

Be My Chlorophyll [completed]Where stories live. Discover now