မြို့တော်ဟာ အလွန်အမင်းကို ပူလောင်လာပြီဖြစ်တယ်။
ကြိုတင် သတိပေးထားမှုတွေ မရှိပါပဲနဲ့ကို ရုတ်တရက်ကြီး။
တစ်ရက်မှာ ရှောင်လျို့က ရှောင်းကျန့်ဆီ ရောက်လာတယ်။ ဟိုတလောက ဟိုတယ်မှာ မွေးနေ့အတွက် Booking လုပ်ထားတဲ့ ဥက္ကဌလီရဲ့ ဝမ်းကွဲဆိုသူဟာ အနားကပ်ကာမှ Cancelled ဆိုတဲ့အကြောင်းနဲ့ ကြိုတင်ပေးသွင်းထားတဲ့ငွေကို ပြန်ပေးစရာမလိုတဲ့အကြောင်းတွေ လာပြောတာဖြစ်တယ်။
ရှောင်းကျန့် ဘာမှ သိပ်မပြောလိုက်ပေမယ့် အဲ့ဒီ့မွေးနေ့ပွဲဟာ ဝမ်ရိပေါ်ရဲ့ မိဘတွေက သူတို့သားအတွက် စီစဉ်ထားပေးထားခဲ့တဲ့ပွဲမှန်း သူသိနေတယ်။
ရှောင်းကျန့်လည်း ရာထူးတိုးခါနီးပြီ။ မန်နေဂျာကိုယ်တိုင်က သူ့ကို အလုပ်လုပ်တာ သဘောကျတဲ့အတွက် ရာထူးတိုးပေးဖို့နဲ့ လစာတိုးပေးဖို့ စီစဉ်ထားကြောင်း လာပြောတယ်။
တကယ်ဆို အစပိုင်းတုန်းက ရှောင်းကျန့် ဒီအလုပ်လုပ်တာကို မိဘတွေက သိပ်သဘောမတွေ့ချင်ဘူး။ သားဖြစ်သူကို နိုင်ငံခြားထိ ပညာတော်သင်လွှတ်ထားတာဆိုတော့ သူ ပြန်လာတဲ့အခါ ဒီ့ထက်ပိုကောင်းတဲ့အလုပ် လုပ်စေချင်ခဲ့တယ်။ အခုလို ဝန်ဆောင်မှု ပေးရတဲ့အပိုင်းနဲ့ ပတ်သက်တဲ့အလုပ်တွေဟာ အရမ်းပင်ပန်းတာဖြစ်သလို တခါတလေ အခြေအနေအရ အချိန်ပိုတွေလည်း လုပ်ရသေးတာကိုး။
ဒါပေမယ့် ရှောင်းကျန့်က သူ့အလုပ်ကို နှစ်သက်တယ်။ နဂိုကတည်းက ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူဆိုတော့ ဒီလိုအလုပ်မျိုးနဲ့ လိုက်ဖက်တဲ့သူဟာ ရှောင်းကျန့်အပြင် နှစ်ယောက်မရှိဘူးလို့ ဆိုရမှာပေါ့။
ရာထူးတိုးတဲ့ကိစ္စ သေချာအတည်ပြုပြီးတာနဲ့ မိဘအိမ်ကို ပြန်လာခဲ့တယ်။
မြို့တော်ကနေ ရှောင်းကျန့်မိဘတွေအိမ်ကို ၂ နာရီကြာ လေယာဉ်စီးရတယ်။
ရှောင်းကျန့်ဟာ သောကြာနေ့ နေ့လယ်ပိုင်းမှာ အိမ်ကို ပြန်သွားခဲ့တာဖြစ်တယ်။ သူပြန်လာမယ်ဆိုတာကိုသိတဲ့ သူ့အမေက ဈေးတွေ အများကြီးဝယ်ထားတယ်။ အဲ့ဒီ့နောက် မိဘနှစ်ပါးလုံး ရှောင်းကျန့်ပြန်အလာကို လေဆိပ်ထိ လာကြိုခဲ့ကြတယ်။
VOCÊ ESTÁ LENDO
မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||