စာမေးပွဲနောက်ဆုံးနေ့...
"မင်းတို့ ဖြေပြီးတာနဲ့ပြန်ကြမှာလား"
"အေးပေါ့ကွ ပြန်ချင်နေပြီအခုတောင်🙄"
"ပိုင်..မင်းရော ဖြေပြီးတာနဲ့ပြန်မှာမဟုတ်ဘူးလား.."
"အင်း...ငါညနေလောက်မှပြန်ဖြစ်မယ် ငါ့ မေမေတို့က တောင်ကြီးကလာကြိုရမှာဆိုတော့လေ"
"သြော် ငါ့ဝိုင်းစောင့်ပေးရမလား ပိုင်"
"ရပါတယ်ကွာ...မင်း မေမေတို့ပြန်ရောက်နေတယ်ဆို"
"အင်း"
"ဒါဆို စောစောပြန်ရမှာပေါ့ကွ ငါက အဆင်ပြေတယ်"
"အင်း ပြီးရော"
"မိုးစက် ငါတို့ရော စောင့်ပေးရမလား" လို့ခွန်းသအမေးနောက် သော်ခက
"ငါတော့ မစောင့်ပေးနိုင်ဘူး🙄"
"လဒ..မင်းကိုရောဘယ်သူက စောင့်ခိုင်းနေလို့လဲ😠"
"ပြီတာပဲ😝"
"ခွေးသား ကောက်ထုလိုက်ရ "
"တော်ပါတော့ မိုးစက်ရယ် သော်ခက စနေတာပါ စိတ်မဆိုးနဲ့"
"ခွန်းသ မင်းကလေ မင်းလင်ထိရင် မခံဘူးနော် သူအရင်ငါ့လာပြောတာကို😒"
"အမ်🙄"
"ဟေ့ကောင်ဘာကို မင်းလင်လဲ စောင့်ကန်လိုက်လို့ စာမေးပွဲမဖြေနိုင်ပဲနေဦးမယ်"
"လုပ်ကြည့်လိုက်လေ ငါ့မှာလဲခြေထောက်ပါတာပဲ ပြန်ကန်မှာပေါ့😏"
"ဒီကောင်ကတော့" ဆိုပြီးသော်ခ ကန်မလို့ လုပ်တော့
"တော်ကြပါတော့ကွာ စာလုပ်ကြတော့ နောက်ဆုံးနေ့ဆိုပြီးပေါ့မနေနဲ့ ခနနေဖြေရတော့မှာ" ဆိုပြီး ဝသန်ဝင်ပြောမှ နှစ်ယောက်လုံး တစ်ယောက်နဲ့ တစ်ယောက် မျက်စောင်းထိုးကာ စာပြန်လုပ်နေသည်...
ခနနေတော့စာမေးပွဲဖြေဖို့ စာသင်ဆောင်ကူးရသည်
"ကဲ ကလေးတွေ သမိုင်းဖြေရမှာနော် စာတွေရောရကြတယ်မလား သေချာဖြေကြ အမှတ်မပြည့်လို့ကတော့ ဒီမှာလက်သီးတွေ့လား လက်သီးစာမိမယ်.. ၉တန်းရောက်လို့ မတွေ့ရတော့ဘူးဆိုပြီး လုပ်ချင်တာမလုပ်ခဲ့နဲ့နော်..."
"ဆရာကိုတော့ လွမ်းနေတော့မှာပဲ"
"အံမယ် မိုးစက်ပိုင် ငါ့ကို လွမ်းမှာလား ငါ့လက်သီးကို လွမ်းမှာလား ပြောစမ်းပါဦး တတိယ ကမ္ဘာစစ်ဖန်တီးတဲ့ အကိုကြီးရဲ့" ဆိုတော့ တစ်တန်းလုံးဝိုင်းရယ်ကြသည်...
"ဟီး ဆရာကလည်း ဆရာကိုရော ဆရာရဲ့ လက်သီးကိုရော လွမ်းနေမှာ..ဆရာလည်း အသစ်တွေတွေ့ပြီး အဟောင်းတွေ မေ့မသွားရဘူးနော်.."