သူတို့တောင်ကြီးကိုရောက်တော့ မနက် ၂ နာရီတောင်ကျော်နေပြီ...
"သားတို့ရေ ထထ... မိုးစက် သားလေး... ထတော့ ထတော့ အိမ်ရောက်နေပြီ... ဝသန်လေး ထတော့နော်.."
"ဗျာ...ရောက်ပြီလားအန်တီ..."
"ရောက်ပြီ..သားရဲ့ မိုးစက်ကို နှိုးခဲ့ပါဦးကွယ်..."
"ဟုတ်...အန်တီ"
"ပိုင်ရေ....ပိုင်....ထတော့ အိမ်ရောက်နေပြီ" ဆိုပြီ ပုခုံးကို အတင်းလှုပ်နှိုးမှ...
"အမ်...ရောက်ပြီလား😴😴"
"အင်း...ထတော့ မင်း မေမေတို့တောင် အိမ်ထဲ ဝင်သွားပြီ"
"ဟမ်...ဟုတ်လား စောင့်တောင် မစောင့်ဘူး မေမေတို့ကတော့"
"အမ်.. မင်းကို မင်းမေမေနှိုးသေးတယ်လေ သူ့ဘာသာသူမထပဲနဲ့"
"ဟီး...မဆူပါနဲ့တော့ကွာ..သွားမယ်လာ...ငါလည်း အခုမှရောက်ဖူးတာ ဒီအိမ်ကို 😂😂"
"အေးပါကွာ🤦♀️" ဆိုပြီး သူတို့နှစ်ယောက်အိမ်ထဲ ဝင်လာတော့ မိုးစက်မေမေကို တွေ့လိုက်ရသည်..
"ဝါး...မေမေ ဗိုက်ဆာတယ်"
"အမ် ဆာပြန်ပြီလား... လာ မေမေ နွားနို့လေးနဲ့ ပေါက်မုန့်လေးနဲ့ လုပ်ပေးမယ်နော်..သားဝသန်လေးလဲစားလိုက်နော် ပြီးမှ အခန်းလိုက်ပြပေးမယ်..."
"ရပါတယ် အန်တီ.."
"ဟာ..မေမေ ဝသန်ကို အခြားခန်းစီစဥ်မနေနဲ့တော့ သားအခန်းမှာပဲထားလိုက်လေ... သားတို့က အဆောင်မှာလဲတစ်ကုတင်ထဲတူတူပဲအိပ်နေကျမေမေရဲ့"
"ဟမ်..ကုတင်သေးသေးလေး နှစ်ယောက်အိပ်တယ်"
"အင်းလေ အိပ်ရတယ်အဆင်ပြေပါတယ် မေမေရဲ့ နော် ဝသန် " ဆိုပြီး ဝသန့်ကို လှမ်းမေးတာကြောင့်
"အမ်..ဟုတ်..ဟုတ်..😑"
"တွေ့လား..ဟီး...သားအခန်းပဲ လိုက်ပြတော့ မေမေ ပေါင်မုန့်လုပ်နေတုန်းသားတို့ ခြေလက်ဆေးပြီး အင်္ကျီလဲထားလိုက်မယ်လေ"
"အင်း...အင်း...မိဝိုင်းရေ...မိဝိုင်း.. ခနလာပါဦး"
"ရှင် မမလေး လာပါပြီ.."
"နင့်မောင် အခန်းကို လိုက်ပြပြီး အထုပ်တွေပါလိုက်ပို့ပေးလိုက်"
"ဟုတ်ကဲ့"
"အကိုလေးတို့ အထုပ်တွေ ပေးပြီး မိဝိုင်း နောက်က လိုက်ခဲ့နော်"
"ဟုတ်" ဆိုပြီး မိဝိုင်း ဆိုတဲ့ အမကြီးနောက်က သူတို့နှစ်ယောက်လိုက်သွားလိုက်သည်...
"ဒါ...အကိုလေးတို့ အခန်းပဲ...မိဝိုင်း အထုပ်တွေထားခဲ့ပြီနော်.."
"ဟုတ်ကဲ့" ဆိုပြီး မိုးစက်တို့ အခန်းထဲဝင်ကာ အခန်းကို တစ်ချက်လှည့်ပတ်ကြည့်လိုက်သည်...