Part(1)
"Yonsei University"
သူမ ဆိုင်းဘုတ်လေးကို ကြည့်ရင်း ပြုံးလိုက်မိတယ်...
သူမ တက်ချင်နေခဲ့တဲ့ Yonsei University...
ခုတော့ သူမ တက်ခွင့်ရခဲ့ပြီလေ...
စိတ်သစ်လူသစ်နဲ့ အတူ ကျောင်းထဲ ဝင်ဖို့  အပြင်...
"ကလင် ကလင်"
စက်ဘီးBell သံကြောင့် သူမတစ်ခဏတော့ လန့် သွားသည်...
ဒါပေမဲ့ ဒီ bell သံ...
သူမ ဒီအသံကို မှတ်မိနေပါသည်...
မဟုတ်မှလွဲရော သူများလား...
Flashback~
In high school...
"Baekkie....
Ya...Baekkie..."
သူမ နောက်ကို လှည့်ကြည့်လိုက်တော့ သူ...
သွား ၃၂ချောင်းလုံးပေါ်အောင် ပြုံးရင်း သူမဆီကို လျှောက်လာနေတယ်...
သူက Park Chanyeol...
သူမတို့  အိမ်ဘေးက သူမထက် တတန်းကြီးသူ...
ရူပါလေးရှိတဲ့အပြင် အပြောကလဲ ကောင်းတာကြောင့် သူ့ နားမှာ အချိန်ပြည့် မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတတ်သည်...
Baekkie သူ့ ကို သတိထားမိတာ ငယ်ငယ်လေးကတည်းကပါ...
သူ့ ကို Baekkie စတွေ့စဉ်ကတည်းက ရင်ခုန်မိပါသည်...
သူ့ နားရောက်သွားတိုင်း သူမရင်ခုန်သံတွေက ဝုန်းဒိုင်းကြဲနေတတ်သည်...
ဒါ့ကြောင့် သူမ သူနဲ့ခပ်ကင်းကင်းနေခဲ့တာ...
သူမရင်ခုန်သံတွေကို သူကြားသွားမှာ စိုးရိမ်မိလို့ ပါ...
ခုလဲ သူမနာမည်ကို ခေါ်ရင်း သူမအနားရောက်လာတဲ့ သူ့ ကို Baekkie ကြောင်ကြည့်နေမိပါသည်...
သူမနာမည်ကို ခုမှ ပထမဆုံး သူခေါ်တာကို ကြားဖူးတာပါ...
ရင်ထဲမှာတော့ ကြည်နူးမှုတွေနဲ့ ပြည့်နေခဲ့ပြီ...
"Baekkie...?
Baekkie...?
Yah!.."
သူ့ ခေါ်သံကြားမှ သူမအတွေးတွေလဲ ရပ်ဆိုင်းသွားတော့သည်...
YOU ARE READING
For You Only,Baby~
FanfictionThere is a girl,called Byun baekkie,who's secretly in love with her neighbor,named Park Chanyeol... Will she have the chance to love him??