Part -4

2.5K 95 0
                                    

Unicoad

ကျွန်တော် ဒီတပတ်အတောအတွင်း သော် ဆိုတဲ့ ကလေးမ ကို တမျိုးမဟုတ်မျိုးစ‌ေနမိသည်။

ဥပမာ တချွပ်ချွပ်အသံပေးပြီးတော့ပေါ့။

ဘာရယ်မဟုတ် သူကြောက်နေတာလေးက အသဲယားစရာကောင်းးလို့ ။ အဲ့လိုစပြီးတဲ့ နောက်ပိုင်း သော် ညဆို ညဉ့်မနက်တော့ပေ။ သူ့သူငယ်ချင်းတွေ နဲ့ စာပို့ပြီးအိပ်တတ်သည်။

အင်းး ည။ ညဆို လို့ ကျွန်တော် ညတိုင်း ကလေးမ မျက်နှာလေးကို ကြည့်ရင်း သူ့ကုတင်တခြမ်းကို မောင်ပိုင်စီးထားးတာာ ကြာပေါ့။

ထူးဆန်းတယ် ဒီည ကလေးမအိပ်တာ စောတယ်။
အခုလဲ အိပ်နေတဲ့ ကလေးမ မျက်နှာ က ပါးဖောင်းဖောင်း လေး။ မျက်တောင် ကော့ကော့လေးတွေ နှုတ်ခမ်းဖူးဖူးလေးတွေ တခုချင်းဆီကို လက်ချောင်းလေးဖြင့်ထိလု ထိငင်လေးးရွယ်ထားးပေမဲ့ ။

ထိတွေ့ချင်ပေမဲ့ ကိုယ် က လူမဟုတ်ဖူး မလားး။

သူဒီအတိုင်း နေသားကျပြီးး ပျော်နေတာာနဲ့တင်။ သူ့ရဲ့
မှတ်ဉာဏ်ကို ရှာဖွေဖို့မေ့နေခဲ့တာ ပဲ။

"ဟူးးးး" သူသက်ပြင်းသာ ချမိသည်။

"ရှင်ဘယ်သူလဲ"

"ဟင် " သူအံ့ဩသွားပြီး အသက်အောင့်မိသွားသည်။။ သူသိနေတာလားး

"ရှင်ဘယ်သူလဲ လို့ မမြင်ရပေမဲ့ သိနေတယ် "

အ‌သေချာပြောနေတဲ့ ကလေးမ ကြောင့်

"ကိုယ်လဲ မသိဘူးး "
------------

Flash back

သော် အခုရက်ပိုင်း အမြဲ နောက်ကျော မလုံသလို ခံစားနေရတယ်။
အသံ တခုပြီးတခု တမျိုးပြီးတမျိုးလဲ ကြားနေရတယ်။

အရင်က အဝတ်အစားလဲ ရင် ရေချိုးခန်းထဲ ကထွက်မှ လဲတတ်ပေမဲ့။ နောက်ပိုင်း ရေချိုးခန်းထဲ မှာ သာ အဝတ်တခါတည်းယူသွားပြီး လဲ ဖြစ်သည်။

ညတိုင်းလိုလို လဲ အိပ်နေရင်း တယောက်ယောက် ရှိနေသလို ခံစားမိသည်။ မနက်မိုးလင်းရင် သော် မအိပ်တဲ့ ကုတင် တခြမ်းက နွေးနေသေးသည်။

တခါတခါ အသက်ရှူ သံ ကြားသည်။ ရယ်သံသဲ့သဲ့ကြားရသည်။ သူ့အနားမှာ တခုခု ရှိနေပြီ။

အချစ်ကိုတွေ့ချိန် (My lovely Ghost)Où les histoires vivent. Découvrez maintenant