At 9 : 00 am >>>>>>
ကျွန်တော်တို့ရွာတောင်ဘက်ဘုရားစေတီလေးမှာ
လူစုံတက်စုံလှသည်။ ရွာရှေ့နောက်တောင်မြောက် မည်သူမည်ဝါကပဲအလှူလုပ်လုပ်ဒါနလုပ်လုပ်
တက်ညီလက်ညီကူညီကြတာ ကျွန်တော်တို့
ရွာငယ်လေးရဲ့ရိုးရာပေ ။ အခုလည်းမနက်ဖြန် ကထိန်ပွဲကြီးအတွက် သားငါးပိုင်းဆိုင်ရာကို
ဦးကြီးတို့ကတာဝန်ယူချက်ပြုတ်နေကြသည် ။
ကျွန်တော်တို့ဖူလုံရွာလေးမှာတော့ သားငါးကိုင်ဖို့ကို ဦးကြီးဦးလေးတို့ကသာ
ဆေးကြကြောကြချက်ကြပြုတ်ကြပေသည် ။
ဒေါ်ကြီး ဒေါ်လေး အမ ညီမတို့တာဝန်လေးက
ဟင်းရွက်သင်သည် ကြက်သွန်နီဖြူဂျင်း အစရှိသည်တို့ကို တစ်စုတစ်စည်းထဲထိုင်ကြရင်း
စကားတွေဖောင်ဖွဲ့ကာပြောရင်း ရယ်ရယ်မောမော လုပ်ကြကိုင်ကြသည် ။ ကျွန်တော်တို့လို ဆယ်ကျော်သက်လေးတွေက လူကြီးတွေက ခိုင်းသည့် တောက်တိုမယ်ရအလုပ်လေးတွေကို
ကူဖို့ပြုဖို့ရာပင် ။" ငမိုင် မြန်မြန်လုပ်ဟ
မီးတွေကထိုးထားပြီ "" အေးပါ အေးပါ "
အခုကူလုပ်နေသော လူကြီးလူငယ်မရွေး
နေ့လည်စာလေးတည်ခင်းဖို့ရာ ကျွန်တော်တို့သူငယ်ချင်းတွေက ထမင်းချက်တာဝန်ကျသည် ။ ထိုကြောင့်
ဒန်အိုးကြီးထဲ ဆန်နှစ်ပြည်စာချက်ဖို့ပြင်နေရင်း
အခုချိန်ဆိုမနက်စာစားပြီးကိုကြီးဘာများ လုပ်နေမလဲ ဟုအတွေးလေးလူးလွှင့်သွားသည် ။
ဘကြီးရှိတာပဲလေ.... ဟုပြန်လည်တွေးကာ
လက်ရှိဒန်အိုးထဲဆန်လုံးရေဘယ်နှစ်လုံးခန့်
ရောက်ရှိသွားပြီကိုမသိလိုက် ။ ထိုကြောင့် အစကနေပြန်ထည့်ဖို့ရာအိတ်ထဲကိုပြန်ထည့်ပြီး
ဒန်အိုးထဲကိုပြန်ထည့်သည့်ခါ တစ်ယောက်တည်း
ပျင်းနေပြီလားမသိဘူး ..... ဟုမဖိတ်ခေါ်ပဲ ကိုကြီးကဝင်လာပြန်လေသည် ။ မနက်ပိုင်းလေး ပါပဲလေဟုပြန်တွေးရင်း အခုရောက်သွားပြန်သည့်
ဆန်လုံးရည်ကိုလည်းမသိရပြန်ပေကြောင့်
အစကနေပြန်ထည့်ရတော့မည် ။" ငမိုင်..... ဆန်တွေကိုဆော့နေတာလားဟ "
မီးတွေကတက်လွန်းလို့ကုန်တော့မည် ။
ထမင်းချက်မယ့်သူကိုကြည့်တော့ ဆန်ကို ထည့်လိုက်ထုတ်လိုက်နဲ့ဘာတွေလုပ်နေမှန်းမသိ။
စိတ်မရှည်စွာအော်ပေးလိုက်မှ ပြူးကြောင်ကြောင်နဲ့ကြည့်လာပြီး ။