နန်းတော်ရဲ့ အရှေ့ဘက် ရင်ပြင်ဝယ် ...
အဖြူရောင်ကို ရွှေရောင်အနားသတ်ထားတဲ့ ပိုးသား ဝတ်ရုံနဲ့ အိမ်ရှေ့စံက ခေါင်းကိုငုံ့လို့ လက်နှစ်ဖက်ကို ကျစ်ကျစ်ဆုပ်ရင်း ဒူးထောက်နေတယ် ။
.
.
.သူရဲ့ ပါးပြင်မှာ မျက်ရည်တွေ ကျနေတယ် ။
နှလုံးသားလဲ ထိုနည်းတူစွာ သွေးစိမ်းရှင်ရှင် ကျလျက် ...* မုန်းတယ် *
* အူထဲအသည်းထဲအထိ ... ရွံမုန်းတယ် *
ဒီထက်နာစရာ စကားရှိရင် အဲ့ဒီလူရဲ့ မျက်နှာကို တံတွေးထွေးလို့ မျက်လုံးတွေ စေ့စေ့ကြည့်ပြီး ပြောမယ်။
အဲ့ဒီလူရဲ့ နှလုံးသားကို ကျောက်စိမ်းဓါး စိုက်ပစ်မယ်။
ဆံပင်တွေကို ဖြတ်လို့ ဝတ်ရုံ ချုပ်ပြီး ၊ မျက်လုံးကို ဆေးရည်စိမ်လို့ သိမ်းထားပစ်မယ် ။
သွားတွေကို ငါရဲ့ များပြားလှသော ကျောက်မျက်ရတနာတွေထဲက ဘယ်တော့မှ ထုတ်မဝတ်ဘဲ အမြဲသိမ်းထားရတဲ့ အရာတွေ ဖြစ်စေမယ်။
အဲ့ဒီလူရဲ့ ဝိဥာဥ်ကို ချုပ်ပိတ်ပြီး ငါရဲ့ အိပ်ဆောင်မှာဘဲ တဝဲလည်လည် ပိတ်ထား စေမယ် ။
အဲ့ဒီလူရဲ့ အလောင်းဟာ ငါ အပန်းဖြေတဲ့ ဥယာဥ်ရဲ့ မြေသြဇာ ဖြစ်စေရမယ် ။
အဲ့ဒီလူနဲ့ ပတ်သက်သမျှဟာ ...
ဘာတစ်ခုမှ ငါနဲ့ ဝေးကွာခွင့်မရဘဲ ထာဝရ ငါ့အနားမှာဘဲ ချိတ်ပိတ်နေစေရမယ်။ငါ အဲ့သည်လောက်ထိ အဲ့လူကို မုန်းတယ် ။
" ကျွီ !"
နန်းဆောင် တံခါးဟာ ပွင့်လာတယ် ။
အနီရောင် ဝတ်စုံနဲ့ မိန်းမတစ်ဦးထွက်လာတယ် ။
သူ့ကို တွေ့တော့ အဲ့ဒီမိန်းမ သူမရဲ့ နှုတ်ခမ်းကို တွန့်ကွေးလို့ လှောင်ပြုံးပြုံးတယ် ။
အဲ့ဒီနောက် သူမရဲ့ ပုခုံးအထိ လျောကျနေတဲ့ ဝတ်ရုံကို အသာလေး ပင့်တင်လိုက်တယ် ။
သူမရဲ့ နှုတ်ခမ်းတွေဟာ အရောင်တွေ ပြန့်ကျဲနေပြီး လည်တိုင် ကျော့ကျော့ထက်မှာလဲ အညိုကွက်တို့ ရှိနေတယ် ။
YOU ARE READING
Hello......Mr.Wind ( complete )
Fanfictionshort story ... အိမ်ရှေ့စံလေးက လေပြေကို ချစ်မိသွားတယ်... ဒါပေမဲ့ လေပြေဆိုတာ သူဖမ်းဆုပ်နိုင်တဲ့ အရာမှ မဟုတ်ဘဲ.....။ သို့ပေမဲ့ ... အသီးအိုကြီးကတော့ သူ့ထံ လိမ့်ကြွေလာသတဲ့ ။ By Jinlusy