[Today and tomorrow]
ဆောင်းလေအေးအေးက ခပ်သေးသေးစာအုပ်ဆိုင်လေးကိုတောင်အေးခဲစေလားမသိဘူး။ စာရွက်အသားတွေတောင်အေးစိမ့်စိမ့်ဖြစ်နေတယ်။
ဂျောင်ထဲကစာအုပ်စင်တွေထဲအထိတိုးဝင်နေတာတောင် Ryan ဖတ်ချင်စိတ်ရှိတဲ့စာအုပ်ရယ်လို့ မတွေ့သေးဘူး။ အဲဒီနေရာမှာတွေ့တာ ခြငေ်္သ့အကြီးကြီးတစ်ကောင်ရယ် အဝါရောင်ဖဲသားဂါဝန်လေးနဲ့အမျိုးသမီးတစ်ယောက်ရယ်ရဲ့အချစ်ပုံပြင်လေးတဲ့။ ဟားတိုက်ရယ်လိုက်မိတယ်။
"အဖိုးကြီး ခင်ဗျားမှာ ဒီလိုရူးကြောင်ကြောင်နိုင်တဲ့ အိပ်ရာဝင်ပုံပြင်တွေတောင်ရှိနေသေးတာလား" ဆိုတော့ Ryan ကို ခေါင်းတခါခါနဲ့လှမ်းကြည့်တယ်။ အဖိုးကြီးdavidက စကားနိုင်လုလို့ရတဲ့လူထဲမှာမပါဘူး။ သိပ်ကိုစကားကြွယ်လွန်းတာကြောင့် သူနဲ့စကားနိုင်လုရင်ငိုသွားရလိမ့်မယ်။ လက်လမ်းမှီသလောက်စာအုပ်တွေဖတ်ပါ။ ပြီးမှ david နဲ့ စကားနိုင်လုပါ။
"Don't judge a book by it cover, ဒီအိပ်ရာဝင်ပုံပြင်ကို လှောင်နေသေးတယ်ဆိုရင်တော့ ဒီစာအုပ်ရဲ့ဆွဲခေါ်မှုနောက်ကိုလိုက်ဖို့မင်းဉာဏ်မမှီသေးဘူးRyan"
"ကျွန်တော့်ကို အကြောင်းပြချက်ပေးလေ"
အနားက ကုလားထိုင်အပုလေးတစ်လုံးကိုဆွဲယူပြီး david က သူ့ကိုလာထိုင်ဖို့ လက်နဲ့ပုတ်ပြပြီးခေါ်တယ်။ လက်ထဲမှာကိုင်ထားတဲ့စာအုပ်ကို သူယူသွားပြီးမှdavidရှေ့မှာထိုင်လိုက်တယ်။ david က စာအုပ်ကိုလက်လွှဲယူပြီးမှ ဖုံတွေ၊ပင့်ကူအိမ်တွေကပ်နေတာကို လက်နဲ့ပွတ်ဖယ်ပြီးစာအုပ်ကိုတယုတယပွတ်နေတယ်။
"ချင်းခြင်းတရား၊ မေတ္တာတရား၊ မြတ်နိုးမှုတွေအားလုံးကိုဒီထဲထည့်ထားတယ်။ အဲဒီရိုင်းစိုင်းလွန်းတဲ့သတ္တဝါကောင်ကြီးကို မိန်းမပျိုလေးရဲ့မေတ္တာတရားနဲ့ယဉ်ပါးလာအောင်သွေးယူတယ်။ ဒီကောင်ကြီးရဲ့အနာဂတ်သေနေတဲ့ဘဝကို မိန်းမပျိုလေးတစ်ယောက်ခဏဝင်လာပြီးအစအဆုံးစီမံပေးသွားတယ်။ Ryan မင်းမြင်အောင်ကြည့်စမ်းပါ။ ဘယ်လောက်ပဲရိုင်းစိုင်းလွန်းနေတဲ့သတ္တဝါကြီးဖြစ်နေပါစေ မေတ္တာတရားကြောင့်ပြိုလဲတယ်"