ဟယ် ဟယ်လို ရဲ ရဲစခန်းကပါလား။
ဟုတ်ပါတယ်။ဘာများကူညီပေးရမလဲ။
ဟိုလေ ကျွန်မနောက်ကိုလေ လူတစ်ယောက်လိုက် တီ တီ တီ(ဖုန်းကျသွား)
ဟယ်လို အစ်မ ဟာ လာနောက်နေတာပဲ။ ဒီနေ့ကဘာနေ့ပါလိမ့်။ထိုင်ရာကနေ ဖုန်းထဲကCalendarကြည့်မိတော့ April 1ရက်နေ့
ကျစ် စိတ်ပျက်ဖို့ကောင်းလိုက်တာ
April 1ရက်နေ့ရောက်တိုင်း ဘာလို့ ဒီလိုနောက်ပြောက်တဲ့ဖုန်းတွေပဲဆက်နေတာလဲ။ ခုခေတ်လူငယ်တွေစိတ်ပျက်စရာပဲ။ထိုရဲသားသည် ပြောလဲပြော ဘောင်းဘီအိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ်ကိုယူကာ ပါးစပ်နားတေ့ပြီး မီးခြစ်ခြစ်လိုက်ပြီး သောက်ဖို့လုပ်နေစဥ်
တီ တီ တီ
ဟယ်လို ရဲစခန်းကပါဗျာ။
ဟယ် ဟယ်လို ရဲဦးလေးကြီး သမီး သမီးကိုကယ်ပါအုန်း သမီးနောက်ကိုလေ လူတစ်ယောက် တီ တီ တီဟယ်လို ဟယ်လို ဟာ လာပြန်ပြီ
တော်ပြီကွာ နောက်တစ်ခါလာရင် မကိုင်တော့ဘူး။စိတ်ပျက်စရာပဲ။ ငါ့ဟာငါသွားအိပ်တာပဲကောင်းတယ်။
ထိုလူသည် ဆေးလိပ်ပင်မကုန်သေး ဆေးလိပ်ကို ကြမ်းပြင်သို့ပစ်ချပြီး ဖိနပ်ဖြင့် နင်းခြေပစ်လိုက်သည်။ဟော ဟဲ ဟော ဟဲ ဟဲ ဟဲ
ကောင်မလေးရေ မင်းဘယ်မှာလဲ။ ငါရှာလို့တွေ့ရင် မင်းမလွယ်ဘူးနော်။တိန် တိန် တန်
လက်ထဲမှ တူကိုကိုင်ထားသော လူတစ်ယောက်ထိုလူ၏ ကွယ်ရာတွင် အသက်မရူဘဲ ပါးစပ်ကို လက်ဖြင့်ကာထားသော ကောင်မလေးတစ်ယောက်
ကောင်မလေးရေ မင်းဘယ်မှာလဲ။ ကိုယ်ရှာတွေ့ရင် မလွယ်ဘူးနော်။
ထိုလူ၏အသံသည် နီးသထက်နီးလာလေ ကောင်မလေးမှာလဲ အသံမထွက်အောင် အတင်းလက်ဖြင့်ကာထားရသည်။
တူတူပုန်းတမ်း ကစားချင်တာလား။ကောင်မလေးရေ ဒါဆို ကိုယ်ကအမှတ်စဥ်ရေမယ်နော်။ မင်းလုံလုံခြုံခြုံပုန်းနေ။ တွေ့ရင် ကိုယ့်လက်ထဲကရတနာလေးန့ဲ မင်းကို တိမ်လွှာပေါ်ရောက်အောင် လုပ်ပေးမယ်။ ကဲ ရေပြီနော်။
၅
၁၀
၁၅
၂၀
၂၅
၃၀
၃၅
၄၀
၄၅
၅၀
၅၅
၆၀
၆၅
၇၀
၇၅
၈၀
၈၅
၉၀
၉၅
၁၀၀
မတူးတူးလိုက်ပြီဟေ့
ဒီနေရာမှာများလား။ ထိုလူသည် ကောင်မလေးရှိသည်အထင်နှင့် ရှာသော်လည်း ကောင်မလေးကိုမတွေ့။
ကောင်မလေးသည် အသံမထွက်အောင် လက်ဖြင့်အုပ်ထားသော်လည်း ကြာကြာမခံနိုင်သဖြင့် ထိုလူ အလစ်တွင် ထိုကောင်မလေးသည် အရဲစွန့်ပြေးမည်ဟု ကြံနေချိန်
တိန် တိန် တိန်
တူသံကတဖြည်းဖြည်း နီးလာလေ ပိုပြီး ကြောက်ဒူးတုန်လာလေ ဖြစ်လေသည်။နောက်ဆုံး ထိုကောင်မလေးသည် ကြောက်ကြောက်နှင့် ထပြေးမည် အလုပ်တွင်
Wow မင်းလေးကဒီမှာကိုး။
ကောင်မလေး အနောက်လှည့်ကြည့်မိတော့ တစ်ကိုယ်လုံး အမည်းရောင်ဝတ်စုံဝတ်ထားသော လူတစ်ယောက်။ လက်တစ်ဖက်ကလည်း တူတစ်ချောင်းကိုင်ထားသေးသည်။
ကောင်မလေးလဲ ထိုလူကိုကြည့်ပြီး ဘာကိုမျှဂရုမစိုက်တော့ဘဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပြေးတော့သည်။
သို့သော် ကောင်မလေး၏ ပေါင်တွင် ဓားစိုက်နေသဖြင့် ခပ်မြန်မြန် ပြေးလို့မရဘဲ ထော့နဲ့ ထော့န့ဲဖြင့်သာ ပြေးနေရ၏
ထိုလူကတော့ တူတစ်ချောင်းနှင့်သာ သူမနောက်သို့ ခပ်ဖြည်းဖြည်းလိုက်နေသည်။
ရုတ်တရက် ထိုလူသည် ဘောင်းဘီ အိတ်ကပ်ထဲမှ သေနတ်ကို ဆွဲထုတ်ပြီး ကောင်မလေးရှိနေသည့် နေရာကိုချိန်ကာ ပစ်လိုက်လေသည်။
ဒိုင်း ဒိုင်း ဒိုင်း