Ellaအပြောကြောင့် Jisooမနေတတ်ဖြစ်သွားသည်။ဒီကလေး အမေကိုအရှက်ခွဲတာကြည့်စမ်း....
"နင့်မားတို့ပါတီက ဒီတစ်ခါ လုပ်ငန်းအောင်မြင်လို့လုပ်တာပါ အိုမားဘက်ထရီစိတ်ပူအောင် လုံးဝ မလုပ်ဘူး သိလား"
"ပြီးရော...ညကျမှ နင့်မားအခန်းထဲမိန်းကလေးသံကြားရင် Ellaလုံးဝခွင့်မလွှတ်ဘူးနော် unnieရှိတဲ့ ဟိုးနိုင်ငံကိုလိုက်သွားမှာ"
"အိုက်ဂူး ..ကတိပေးတယ် ဒီတစ်ခေါက်ပါတီမှာ နင့်မားလုံးဝ..ကတိခံတယ်..." Ella၏ဆူထွက်နေသောနှုတ်ခမ်းတို့ပြန်ဝင်သွားကာမှJisooစိတ်ချသွားသည်။မဟုတ်ရင် နှစ်ပတ်တိတိ စိတ်ဆိုးပြေမည်မဟုတ်။
"ဒါနဲ့Ella....နောက် တစ်လဆို Unnie jenပြန်ရောက်မှာတဲ့"
"တကယ်လား..နင့်မား..မလိမ်ရဘူးနော် unnieကိုတွေ့ချင်တာအရမ်းပဲ" အရင်နှစ်တွေ ခရစ်စမတ်အချိန်တွေ အခြားသော အားလပ်ချိန်တို့တွင်Ellaက Jenကို တမျှော်ကြီးမျှော်ခဲ့သော်လည်း စိတ်ပြတ်သောJenက ကင်ချီမြေကို ခြေဦးတောင်လှည့်မလာခဲ့။ Ellaတောင်းဆိုသဖြင့် မွေးနေ့တိုင်းတွေ့ရန် ခေါ်သည်ကိုပင် ငြင်းဆန်ခဲ့လေသောJenပါ။ ကျောင်းပြီးမှ အပြီးပြန်လာခဲ့ဆိုသော သူမစကားကြောင့်လားတော့ မသိ။
"သေတော့မသေချာဘူး နင့်မားသေချာပြန်မေးကြည့်လိုက်မယ်"
"Nae !Ella ရေချိုးတော့မယ်" Ellaအပေါ်တက်သွားသဖြင့် Jisooခုံပေါ်တွင် ခြေပစ်လက်ပစ်ထ်ုင်ချလိုက်သည်။ Companyနှစ်ခုကိုတစ်ယောက်တည်းဦးစီးနေရသဖြင့် စိတ်ကညူးညူလာသည်။အဝေးရောက်နေသည့် ထိုကောင်မလေးကို တမ်းတစိတ်ဖြင့် ဖုန်းကို ထုတ်ကြည့်မိသည်။ သြဇီဖက်မှ လူယုံတော်တွေ ခိုးရိုက်ထားသည့်သူမပုံအချို့။ထွက်သွားစဥ်ကလိုပင် ရုပ်က မပြောင်းလဲ။ အရပ်ကလေးကခပ်ပုပုနှင့် ချေမိုးနေသော သူမရယ်ပါ။သူမလိုအပ်လျှင် ချက်ချင်းထုတ်သုံးနိုင်ရန် Blackcardကိုပေးထားပါသော်လည်း မာနအထိခိုက်မခံသောသူမက လုံးဝမသုံး။
အချိန်ပိုင်းအလုပ်ကို တစိုက်မတ်မတ်လုပ်ပြီး ကိုယ်ပိုင်ဝင်ငွေနှင့်ရပ်တည်နေသူဖြစ်သည်။ အပြုံးလေးတစ်ခုကို နှစ်လိုဖွယ်ဆင်လျက် ပါးမို့မို့လေးတို့က မြင်သူတိုင်း ချစ်ခင်စရာ။ဘေးနားက ဆံပင် ငွေမှင်ရောင်လေးနှင့် ခပ်ရှည်ရှည် အရပ်တို့နှင့်လိုက်ဖက်စွာ ကျော့ရှင်းသော
ခန္ဓာကိုယ်ကောက်ကြောင်းတို့ကိုပိုင်ဆိုင်ထားသော သူမသူငယ်ချင်းနှင့် ပြုံးပျော်နေသော Jen။
YOU ARE READING
My mom lover is my sister
Fantasiအိပ်မက်တို့က လှပသလောက် လက်တွေ့တည်ရှိမှုက အကျည်းတန်နေသလို ဘယ့်နှယ်... ကိုယ့်မွေးစားသမီးကိုမှ အပိုင်လိုချင်တယ်တဲ့လား