နာကျင်မျက်ရည်(Only Love)-27

99 8 2
                                    

(Unicode)

နာကျင်မျက်ရည်(Only Love)-27

ညီမင်းခ ရဲ့ပေါင်မှာ ပုလင်းကွဲစ စိုက်သွားတာမို့ နာကျင်နေသည်။ သွေးတွေကလည်း စီးကျ‌ နေသည်။ချက်ခြင်း ထလို့ လည်း မရတာမို့ ရှိုင်းကို အော်ခေါ် လိုက်သည်။

"ရှိုင်း... " နာကျင်နေသည့် အသံနှင့် ‌နောက်က အော်ခေါ်ပေမယ့် ရှိုင်းက  တစ်ချက်ကလေးမှ လှည့်မကြည့်တော့ ဘဲ ဆက်လျှောက်သွားခဲ့ချေပြီ။

ထွက်သွားသော ရှိုင်းကိုကြည့်ပြီး
ပေါင်က ဒဏ်ရာထက် ရင်ထဲ မှာ ပိုပြီး နာကျင်ရသည်။ပါးပြင်မှာ မျက်ရည်တွေ စီးကျလာရင်း လက်နဲ့ ဒဏ်ရာကို ကိုင်ထားသည်။

မတ်တပ်ထကြည့်တော့ ပေါင်က ဒဏ်ရာက နာလာပြီး လဲကျသွားသည်။ တစ်ကိုယ်လုံး လည်း သဲတွေပေပွ နေပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ နာကျင်စွာနဲ့ ကြိုးစားပြီးရွှေ့ဖို့ လုပ်ပေမယ့် အား မရှိတော့။

အချိန်က လည်း ညမှောင်နေချိန်မို့ လူလည်း ပြတ်နေပြီ။ မင်းခ ပေါင်က သွေးထွက်လွန်လာပြီး မျက်လုံးတွေပါ ပြာဝေလာသည်။

မြေကြီးပေါ်မှာ လဲနေရင်း မျက်တွေ စီးကျလျက်ရှိသည်။

"ရှိုင်း...." သူ့ပါးစပ်ကနေ တိုးတိုးလေး ရေရွတ်ပြီး သတိမေ့သွားခဲ့‌လေသည်။

**********************************

ရှိုင်းက အဆောင်ကို ပြန်ရောက်တာ နဲ့ နေရာ က ကမန်းကတမ်း ပစ္စည်းတွေကို သိမ်းဆည်းနေသည်။ ထိုအခါ

မိုးဇော်တို့က ကပျာကယာရောက်လာပြီး

"ရှိုင်း...ဘာဖြစ်လာတာလဲ... မင်းက ဘာလို့ ပစ္စည်းတွေသိမ်းနေရတာလဲ၊  မင်းခကော...
မင်းခ က ဘယ်မှာလဲ...."

" တော်တော့...အခုချိန်မှာ ငါ့ကို ဘာမှလာ
မမေးနဲ့ ... ငါ ဒီအဆောင်မှာ မနေတော့ဘူး...ငါ့ အဖေ ကိုပြောပြီး အဆောင်ပြောင်းတော့မယ်..." ရှိုင်းရဲ့ လေသံ က အလွန်မာကျော ပြီး ခက်ထန်နေသည်။ တစ်စုံတစ်ခု ကိုဒေါသထွက်ပြီး တစ်ခုခု လုပ်တော့ မည် ပုံစံပေါက်နေသည်။

ရှိုင်းက ညတွင်းချင်းပဲ အဆောင်ကနေထွက်သွားသည်။ အဆောင် မှာ ကျန်ရစ်သည့် မိုးဇော် တို့က အရာရာ ကို နားမလည်နိုင်ဖြစ်ပြီး ကျန်ခဲ့ကြရသည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Donde viven las historias. Descúbrelo ahora