(Unicode)
"အားလုံးတာဝန်ကျေပါတယ် ဒီနေ့ အစည်းဝေးကတော့ ဒီလောက်ပါပဲ"
"ဟုတ်ကဲ့ ခွင့်ပြုပါဉီး သူဌေး"
2နာရီနီးပါး ကြာမြင့်လှသော အစည်းဝေးပြီးသွားပြီးနောက် ရုံးခန်းထဲပြန်လာကာ ခဏ အနားယူလိုက်သည်။ ပင်ပန်းတယ်... တစ်ခါတလေတော့ အလုပ်ကနေ အကြာကြီးအနားယူချင်မိသား။
"ဒေါက်! ဒေါက်!"
တံခါးခေါက်သံကြောင့် "ဝင်ခဲ့" ဟုပြောလိုက်တော့ ရုံးခန်းထဲဝင်လာတဲ့ အတွင်းရေးမှူး
"ဘာကိစ္စလဲ"
"သူဌေးကို ဧည့်သည်တစ်ယောက်က တွေ့ချင်တယ်ဆိုလို့ အဲ့တာလာပြော..."
"ခဏနေ ငါထွက်လာမယ် စောင့်ခိုင်းထားလိုက်"
"ဟုတ် ဟုတ်ကဲ့"
ထင်တဲ့အတိုင်း 5မိနစ်လေးတောင် အနားမယူရသေးဘူး ကိစ္စတစ်ခုပေါ်လာပြီး။ ဧည့်သည်ကလည်း အလုပ်ကိစ္စကြောင့်ပဲ လာတာထင်ပါရဲ့"ဟူး..!" သက်ပြင်းတစ်ခုကို ကျယ်လောင်စွာချရင်း ခြေလှမ်းတွေအား ရုံးခန်းအပြင်ဘက်သို့ ဉီးတည်လိုက်သည်။
"မတွေ့တာကြာပြီးနော် TaeHyung"
ရုံးခန်းအပြင်ကိုထွက်လာသည်နှင့် ကြားလိုက်ရသော ရင်းနှီးသည့်အသံကြောင့် အသံပိုင်ရှင်ကို သေချာကြည့်မိသည်။
ထို့နောက် ကျွန်တော့်နှုတ်မှရေရွတ်မိသည့် ထိုလူ၏နာမည်က "Min Yoongi"
_____________ကျွန်တော်နှင့် Yoongiအေးဆေးစကားပြောရန် Company နားက စားသောက်ဆိုင်တစ်ခုကို ရောက်လာခဲ့သည်။ သူက ဧည့်သည်ဆိုတော့ ဧည့်ခံရမည်မဟုတ်လား နေ့လည်စာ စားချိန်လည်းရောက်နေပြီးဆိုတော့ နေ့လည်စာ ဝယ်ကျွေးမယ်လို့ ဆုံးဖြတ်ပြီး ဤစားသောက်ဆိုင်သို့ရောက်လာခဲ့ခြင်းပင်။ စားသောက်ဆိုင်ကို ရောက်လာပြီးတည်းက ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် စကားမပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေကြသည်။
"မင်း Londonကိုလာတာ ကိစ္စရှိလို့လာတာလား Yoongi"
ကျွန်တော့်ဘက်ကစပြီး ငြိမ်သက်နေသည့် လေထုကို ဖြိုခွင်းလိုက်တော့သည်။
YOU ARE READING
"HE" ( First Love Competition)
Short Story[One Short] (Unicode) မင်းကိုငါ ချစ်တယ် Jung Hoseok~~~ ဒါဟာ မင်းကိုမပြောဖြစ်ခဲ့တဲ့ ထပ်မပြောနိုင်တော့တဲ့ စကားတစ်ခွန်း... (Zawgyi) မင်းကိုငါ ချစ်တယ် Jung Hoseok~~~ ဒါဟာ မင်းကိုမပြောဖြစ်ခဲ့တဲ့ ထပ်မပြောနိုင်တော့တဲ့ စကားတစ်ခွန်း...