အခန်း ၃။ မွေးနေ့ကိတ်က စားကောင်းတော့မယ်
နေမင်းသည်ကား ရောင်နီဖြာလျက် မိုးကုပ်စက်ဝိုင်းဆီမှ တဖြည်းဖြည်းချင်း ကောင်းကင်ယံသို့ တက်လာလေပြီ။
နံနက်ခင်းနေရောင်ခြည်က ကြည်လင်သန့်ရှင်းနေသော မှန်ပြတင်းပေါက်ကိုကျော်ခွလျက် အခန်းထဲသို့ချဉ်းနင်းဝင်ရောက်လာလေသည်။ ရှောင်းကျန့်က အအိပ်ဆတ်သူမို့ အလင်းဖျဖျဝင်လာသည်နှင့် အိပ်ရာနိုးလာခဲ့သည်။
မျက်လုံးအစုံပွင့်သည်နှင့်တစ်ပြိုင်နက် မြင်လိုက်ရသည်က သူ့မျက်နှာနှင့် လွန်စွာနီးနီးကပ်ကပ်ရှိနေသည့် တစ်စုံတစ်ယောက်၏ ကြည်လင်ချောမွတ်လှစွာသော မျက်နှာကလေး။ တစ်နည်းအားဖြင့် မြတ်နိုးရပါသော သူ၏နတ်ဘုရားလေး။
သူ့နှုတ်ခမ်း အပြုံးတစ်ပွင့်ဟာ ယောင်ယောင်ကလေးပေါ်ထွက်လာခဲ့ပြီးနောက် သွယ်တန်းနေသော မျက်ခုံးမွှေးတန်းလေး တစ်ဖက်ကို လက်ညှိုးလေးဖြင့် အသာအယာထိတွေ့လိုက်သည်။
ထိုမှတဖန် နှာတံလေးတစ်လျှောက်။ ဘေးတစ်ဖက်တစ်ချက်စီမှ မျက်လုံးတစ်စုံကတော့ မျက်တောင်မွှေးနက်နက်တို့နှင့်အတူ စေ့ပိတ်နေဆဲသာ။
ထို့နောက် သူ့လက်ညှိုးလေးက ပန်းသွေးရောင်နှုတ်ခမ်းထက်ဆီ ရောက်ရှိသွားရသည်။ ထိတွေ့မှုကြောင့် ရရှိလိုက်သည့် ခံစားချက်မှာမူ ရင်အစုံကို တလှိုက်လှိုက်ဖြစ်စေပါ၏။
ထိုစဉ်မှာပင် စေ့ပိတ်နေခဲ့သော ရိပေါ်၏မျက်ဝန်းအစုံက ပန်းဖူးလေးပွင့်သည့်နှယ် ဖြည်းညှင်းစွာ ပွင့်အာလာတော့သည်။
"ရိပေါ် ရှင်းရီခွိုက်လာ့"
အိပ်ရာမှနိုးနိုးချင်းမှာ ကြားလိုက်ရသော ဆုတောင်းစကားသံလေးကြောင့် ရိပေါ်၏နှုတ်ခမ်းအစုံဟာ အထက်သို့ ကော့ညွတ်သွားမလိုဖြစ်ပြီးကာမှ ပြန်တည်တင်းသွားသည်။
YOU ARE READING
မက်မွန်ပွင့်တို့သက်သေတည်၍ (season 2/COMPLETE)
FanfictionဒီBook က ယခင်"မက်မွန်ပွင့်တို့သက်သေတည်၍"ရဲ့ Volume 2 ဖြစ်ပါတယ်။ ယခင်fictionမှာတုန်းကနှစ်ယောက်သား ပြန်လည်ဆုံစည်းခဲ့ကြပြီိတော့ ဒီမှာ ဘယ်လိုတွေ အတိုးချချစ်ကြ၊ rs စာကျွေးကြ၊ roကြ၊ sweet ကြမလဲဆိုတာတော့ စောင့်မျှော်ဖတ်ရှုပေးပါဥ...