Zawgyi

257 17 4
                                    

အအေးဓာတ်လေးကျနေတဲ့ ဘူဆန်မြို့ရဲ့ သာမန်ရပ်ကွက်လေးတစ်ခုမှာတော့ မုန့်ဈေးတန်းလေးတွေနဲ့ စည်ကားနေခဲ့တယ်..

ဒီဇင်ဘာလရဲ့ ခရစ်စမတ်ရာသီလို့ခေါ်ကြတဲ့ ဒီဇင်ဘာ ၁၅ရက်နေ့ကနေ ၂၅ရက်နေ့အထိစည်ကားမြဲစည်ကားနေတဲ့ ဒီဈေးတန်းလေးကတော့ ဘူဆန်မြို့သူမြို့သားတွေရဲ့ ခရစ်စမတ်အားလပ်အပန်းဖြေစရာလေးဖြစ်လို့နေတယ်..

ကလေးသူငယ်တွေကအစ အသက်ကြီးကြီးဖိုးဖိုးဖွားဖွားတွေအထိပျော်ရွှင်နေတဲ့ဒီမုန့်ဈေးတန်းလေးရဲ့တစ်နေရာက ဟောင်ကောင်နှစ်ထပ်တိုက်လေးရဲ့မြေညီခန်းလေးမှာ မီးလှုံရင်းဂစ်တာလေးတစ်လက်နဲ့ဆွေးနေတဲ့ ကျောင်းဆရာလေးတစ်ဦး.

အသဲကွဲနေတဲ့ကျောင်းဆရာလေးက ဆွယ်တာလိမ္မော်ရောင်လေးကိုဝတ်လို့ သူ့အပိုင်ဂစ်တာလေးကိုဆွဲကာ အိမ်ရှေ့က အုတ်ခုံလေးအပေါ်မှာထွက်ထိုင်ရင်း သွားလာနေကြတဲ့ အရွယ်စုံချစ်သူဆုံတွဲတွေကိုအားကျသလိုကြည့်ရင်း တီးတိုးရေရွတ်တယ်.

"ဒီဇင်ဘာ၂၂ရက်တောင်ရောက်နေပြီ~"

နှင်းမရှိတဲ့ဘူဆန်ရဲ့ ခရစ်စမတ်ရာသီကမပြည့်စုံသလို အချစ်မရှိတဲ့ကျောင်းဆရာလေး Loeyဲ့ဘဝကလည်းပြည့်စုံမနေခဲ့ဘူး..အထီးကျန်မှုတွေကိုအဖော်ပြုပေးမယ့်ငွေနှင်းမှုန်တွေကလည်း ချစ်သူဟောင်းနောက်များလိုက်သွားလေသလားဟုထင်မှတ်ရလောက်အောင် ပျောက်ချင်းမလှပျောက်နေခဲ့တယ်..

"ဝါးးးးနှင်းကျပြီ~~"

ခပ်လှမ်းလှမ်းမှ အဖြူရောင်နှင့်နက်ပြာယှက်သန်းသောအရိပ်လေးရဲ့အော်သံနှင့်အတူ Loeyရဲ့ နှာခေါင်းလုံးလုံးလေးပေါ်မှာ အနည်းငယ်စိုစွတ်လာမှုကိုစတင်ခံစားလာရတယ်..

"ပထမဆုံးနှင်းကျပြီဘဲ~~"

မတိုးမကျယ်ထွက်လာတဲ့စကားသံအဆုံးမှာ ကိုယ့်လက်စွဲဂစ်တာလေးကိုယူရင်း တီးခတ်သီဆိုလိုက်မိသည်က EXOရဲ့ First Snowဆိုတဲ့သီချင်းလေး..

Song: EXO First Snow

SNOW (EDEN CONTEST)Where stories live. Discover now