Ep(19)❣️

1.7K 219 9
                                    

Unicode

9:30PM..

Jimin ၏အခန်းရှေ့ရပ်ရင်း Jiminအဆင်ပြေပါ့မလားတွေးနေမိသည်။သက်ပြင်းရှည်ကြီး ချပြီး Jimin အခန်းရှေ့ကခွါကာကိုယ့်အခန်းကိုယ်သာ ဝင်လိုက်တော့သည်။

မိနစ် ၃၀ လောက်ကြာတဲ့အထိ Jungkook လုံးဝအိပ်မပျော်တာကြောင့် အိပ်ယာထဲမှထကာ အိမ်အောက်ထပ်ဆင်းလာခဲ့သည်။

"ခွမ်း💢"

လှေကားမှဆင်းလာတုန်း မီးဖိုထဲက ကျကွဲသံကြောင့် Jungkook မီးဖိုထဲဝင်လာခဲ့သည်။

"Jimin!....."

"Jung..Jungkookie ...အဲ့တာ Hyung လုပ်တာမဟုတ်ဘူးနော်.....သူ့ဘာသာ ကျကွဲသွားတာ"

"Jimin ဘာလို့ ဒီလေါက်အများကြီးမူးအောင်သောက်ထားရတာလဲ ဝိုင်ဆိုတာ အဲ့လိုသောက်ရတာမှမဟုတ်တာ"

"......."

ကျကွဲသွားတဲ့ဝိုင်ပုလင်း အပိုင်းအစတွေကို Jungkook သိမ်းနေတုန်း Jimin  ရုတ်တရက် မတ်တပ်ထရပ်ကာ ခြေလှမ်းလှမ်းလိုက်သည်။

"Jimin!ထိုင်နေ အကုန် ရှကုန်မယ်"

ပြောလိုက်မှ နောက်ထပ်ခြေတစ်ဖက်က လှမ်းလာပြန်သည်။

"Jimin!ပြောနေတာ မကြားဘူးလား နာကုန်လိမ့်မယ် ထိုင်နေပါကွာ"

"ဟင့်...Jungkookie မင်းကိုယ်မင်းလဲ ပြန်ကြည့်ဦး ဘာလို့ Hyung ကိုပဲ ပြောနေတာလဲ "

Jimin ပြောမှ Jungkook သူ့ခြေထောက်သူ ပြန်ကြည့်မိသည်။သွေးတွေတောင်ထွက်နေတာပဲ။သူJimin ကို ပဲ စိတ်ပူနေရတာနဲ့ သူ့ကိုယ်သူ တောင် ဂရုမစိုက်နိုင်လိုက်။

"အဲ့တာနဲ့ပဲ ခင်ဗျား ဖန်ကွဲစတွေပေါ်တက်နင်းရလား Jimin ခင်ဗျားရူးနေလား ပြန်ထိုင်နေပါ "

ဒီလေါက်ပြောနေတာတောင် Jimin ကငုတ်တုတ်ထိုင်လိုက်ပြီး ဖန်ကွဲစတွေကို လက်နဲ့ ကောက်သိမ်းလိုက်နေတာကြောင့် Jungkook စိတ်တိုလာရသည်။

"Jimin!"

"Jungkookie မင်းရောက်လာထဲက Hyung လို့မခေါ်သေးဘူးနော် "

"ဘာဖြစ်လို့ ဒါကိုပဲအာရုံစိုက်နေတာလဲ ကျွန်တော်က Hyung လို့မခေါ်လို့ပြောတာနားမထောင်ဘဲ  ဒီလိုတွေ အရွဲ့တိုက်နေတာလား"

 I've Failed In Your LoveWhere stories live. Discover now