မြို့အဝင်ဂိတ်ရှိ အဆက်မပြတ်စည်တီးသံနှင့်အတူ နောက်ဆုံးမြို့စောင့်၏ အော်သံကြောင့်မြို့သားတွေအားလုံး ရုန့်ရင်းဆန်ခတ်ဖြစ်သွားကြသည်။
" မြို့တော်ကိုကာကွယ်ကြ !! "
ကင်းထောက်လူငယ်များနှင့် မြို့တွင်းမှာတာဝန်ကျသည့်ရဲမက်အချို့ အချင်းချင်းသတိပေးကာ မြို့တံခါးရှေ့မှာ ပိတ်ဆို့ထားကြလေသည်။ မြို့တံတိုင်းနဲ့အနီးဆုံးမှာရှိနေသည့်အိမ်ခြေငယ်များမှ အမျိုးသမီးများနှင့်ကလေးငယ်များမှာ မြို့အတွင်းသို့ထွက်ပြေးကြရာ မြို့တွင်းမှာပါဝရုန်းသုန်းကားဖြစ်နေသည်။ ထိုအခြအနေကို မြို့ရိုးထက်တံတိုင်းကနေ ထိုင်ကာစိမ်ပြေနပြေကြည့်နေတဲ့ လုပ်ကြံသူခေါင်းဆောင်က သဘောကျစွာဟားတိုက်ရယ်လိုက်သည်။
( ကြက်ကလေးဌက်ကလေးတွေ သေဘေးကြောက်လို့ပြေးနေကြသလိုပဲ )
မြို့တံခါးကိုတခြားလုပ်ကြံသူအဖွဲ့သားတွေက ဖွင့်ဖို့ကြိုးစားနေစဉ် ထိုလူကတော့အဝေးမှာမြင်နေရတဲ့ နန်းမြို့ရိုးပြသာဒ်ထိပ်ကို မမှိတ်မသုန်စိုက်ကြည့်နေသည်။ သူငယ်စဉ်ကတည်းက ကြားဖူးခဲ့သော ရွှေမြို့တော်၏နန်းတော်ရာ၊ မည်မျှလှပကြောင်းရောက်ဖူးသူတို့ပြောခဲ့ဖူးသည့်စကားများက သူ့အားသိလိုစိတ်ပြင်းပြစေခဲ့သည်။ လက်တွေ့မှာမြင်ရတော့လည်း ထင်သည့်အတိုင်း ခမ်းနားတင့်တယ်သည်ဟု အသိအမှတ်ပြုရသည်။ ဒီနေ့မှာတော့ထိုနန်းတော်ဟာ သူ့အပိုင်ဖြစ်လာရမည်။
ဝုန်း !
မြို့တံခါးကျိုးသွားသည်နှင့် ၂ဖက်အပြင်းအထန်တိုက်ခိုက်ကြလေတော့သည်။ သို့ပေမယ့်လည်း လေ့ကျင့်ထားသည့်လူသတ်တိုက်ခိုက်ရေးသမားများကို သာမန်ပြည်သူတွေက ဘယ်လိုခုခံနိုင်မှာလဲ။ နန်းတော်ကကိုယ်ရံတော်တွေ မြို့ထဲမရောက်ခင် အချိန်အနည်းငယ်မှာပင် ရွှေမြို့တော်ရဲ့ဂိတ်တံခါးဟာ သိမ်းပြီးမှာပဲလေ။ ကောက်ရိုးဦးထုပ်ကို မြို့တံတိုင်းတိုင်လုံးမှာ ဓားမြောင်နဲ့စိုက်ကာထားရစ်ခဲ့ပြီး ထိုသူမတ်တတ်ရပ်လိုက်သည်။ ထို့နောက်သူ့ရဲ့ကျယ်လောင်ပြတ်သားတဲ့အသံနဲ့ အဖွဲ့သားတွေအားလုံးကြားအောင်အော်ပြောလိုက်သည်။
YOU ARE READING
My Rude Husband ( Zawgyi and Unicode )
Historical Fiction✨Edit Version✨ 💡 Own Creation 💡 #Do not repost