[Zawgyi]
ရှောင်ကျန့်တို့လဲ ကုမ္ဗဏီကပြန်လာပြီး အချိန်ရသေးတာနဲ့ Shopping mallကိုသွားကြသည်။
"Daddy ပေါ်ပေါ်ကို ဟိုအင်္ကျီလေးဝယ်ပေး ပေါ်ပေါ်ရချင်တယ်"ရိပေါ်က ခလေးအင်္ကျီဆိုင်လေးကို လက်ညှိုးထိုးပြနေတာနဲ့ ရှောင်ကျန့်တို့လဲ ဆိုင်ထဲကို ၀င်လာလိုက်သည်
"ပေါက်စလေး ကြိုက်တာအကုန်ယူ Daddy၀ယ်ပေးမယ်နော်" ရှောင်ကျန့်ပြောလိုက်တော့ ခေါင်းငြိမ့်ပြပြီး လုလုလက်ကိုဆွဲကာ ဆိုင်ထဲမာ သူလိုချင်တာတေကို လက်ညှိုးထိုးပြီး ၀ယ်ခိုင်းနေတဲ့ ၀မ်ပေါက်စက ချစ်စဖွယ်အတိ
တစ်ခုခုပြီးတစ်ခုဝယ်ပြီး ရှောင်ကျန့်တို့လဲ ကောင်တာမှာ ပိုက်ဆံရှင်းပြီး shopping mallထဲက စားသောက်ဆိုင်တစ်ခုကိုသာ လာခဲ့လိုက်သည်
အကြောင်းကတော့ ၀မ်ပေါက်စက ဗိုက်ဆာပြီလို့ပြောတာနဲ့ သူ့တီတီလုက တစ်ခါတည်း လေအလျင်နဲ့ စားသောက်ဆိုင်ထဲ ရောက်နေပြီ အဲ့တော့လည်း ရှောင်ကျန့်တစ်ယောက် နောက်ကလိုက်ရပြန်သည်
စားသောက်ဆိုင်ထဲရောက်တော့ ရှောင်ကျန့်ကပဲ စားစရာမှာပေးရသည်
"ပေါက်စလေးက ဟမ်ဘာကာလေးပဲစားနော် အိမ်မာလဲ ဖွားဖွားက ဟင်းတေချက်ထားတယ်လေ ပေါက်စအတွက် အခုက အဆာပြေလေးပဲစား"
"ဟုတ်ကဲ့ Daddy ပေါ်ပေါ် ပိချိလေးပဲ ချားးမယ်နော် အိမ်ကြမှ အကြီးကြီးချားမယ်" လက်ကလေးနဲ့အမူယာလုပ်ပြီး ပြန်ဖြေနေတဲ့ ၀မ်ပေါက်စကို လုလုနဲ့ရှောင်ကျန့်က ပြုံးပြီးကြည့်နေတော့
"ဟာ Daddyကယဲ ပေါ်ပေါ်ကြောတာကို ပြန်ကြောအုံးယေ" နှုတ်ခမ်းလေးဆူကာပြောနေတဲ့ ရိပေါ်ကို လုလုက
"ရှောင်ကျန့် နင့်ခလေးနင်ထိန်းထား ငါအူယားလွန်းလို့ ဆွဲလုပ်မိတော့မယ် ချစ်ဖို့ကောင်းလိုက်တာ"
"အလုမနနင်နော် ခလေးကို" ရှောင်ကျန့်ကမျက်စောင်းထိုးပြီးပြောလိုက်တော့
"အမလေး ဒါလား CEO ရုပ်ကိုက သူငယ်နာမစင်တဲ့ရုပ်နဲ့"
"ငါ့အကြောင်းသိချင်ရင် ကုမ္ဗဏီမှာ လာစုံစမ်းလိုက် နင်တို့နဲ့မို့ ဒီလိုနေတာ ကုမ္ဗဏီမှာ နေသလိုနေလိုက်ရင် နင်အခုချက်ချင်းကို ရေခဲတိုက်ထဲ ရောက်သလိုဖြစ်သွားမယ်" (အေး အဲ့မာ ဂုဏ်ဆာနေလိုက်)