unicode♡

1.7K 108 53
                                    


"ဟူး..... "
သက်ပြင်းသာသာချလိုက်ခြင်းဖြစ်ပါသည်။
တိုက်အောင်ပလက်ဖောင်းပေါ်မှ မြေပြင်
ပေါ်သို့နင်းလျှင်နင်းချင်း ၀တ်ဆင်ထားသော
Leather Boots ၏ထပ်၀က်ခန့်မျှ နှင်းမှုန်များ
ကြားနစ်မြုပ်သွားသည်။ လေးပင်စွာဖြင့်
ခြေလှမ်းသစ်လှမ်းရင်း ရှေ့သို့တရွေ့ရွေ့
ဆက်သွားရသည်။ လမ်းမဘေးတွင် ထိုးရပ်
ထားသောကားထဲသို့၀င်လိုက်မှသာလျှင်
အနည်းငယ်မျှသောအနွေးဓာတ်ကိုခံစားနိုင်သည်။
Radio ဖွင့်ကာပတ်၀န်းကျင်၏လှုပ်ရှားမှုများကို
‌လှည့်ပတ်ကြည့်ရှုနေမိသည်။ နှင်းဖွဲဖွဲကြား
လက်ဆောင်များလဲလှယ်ပေးကမ်းနေကြရင်း
အအေးဒဏ်ကိုမမှုသော အပြုံးများဖြစ်သည်။

🎵 Everybody Love the things you do~
From the way you talk ~ 🎵
Radio ဆီမှပျံ့လွင့်လာသော သီချင်းသံကြောင့်
မျက်ရည်ကြည်လေးများဝဲတက်လာသည်။
Adele ၏ When We Were Young သီချင်း
လေးဖြစ်သည်။ ငြိမ့်ငြိမ့်လေးနှင့်နားထောင်ကောင်းသော
သံစဉ်များကြား၌ လွမ်းဆွတ်ဖွယ်ပုံရိပ်လေးများ
လျောယှက်နေသည်။ သီချင်း၏ပုံရိပ်ကြောင့်
ငိုမိသည်လား။ ထိုသီချင်းကိုအချိန်ကြာသည်အထိ
စွဲမြဲတီးခတ်ခဲ့သော လူသားကြောင့်ငိုမိသည်လား။
အဖြေမရှိသည့်မေးခွန်းအတွက် အတိတ်တို့ဆီသို့
တစ်ဖန်ပြန်အလည်သွားကြရဦးမည်...♡

• • • • •🎄🎁 • • • • •

၂၀၀၀ ခုနှစ်၊ ဒီဇင်ဘာ..
၁၉ရာစုနှစ်များကိုကျော်ဖြတ်ကာ ၂၀၀၀ ခုနှစ်
သို့ရောက်ရှိလာကြသောအချိန်ကာလတွင်
လူမှန်းသိတတ်စ ဆန်းကြယ်လွန်းသည့်
လောကကြီးကိုစူးစမ်းနေသော ကလေးငယ်
သာဖြစ်ခဲ့သည်။ ထိုသို့စူးစမ်းသိရှိရခြင်းများ၌
"သူ" သည်တစ်ဘ၀စာမမေ့လျော့နိုင်သော
မှတ်ဉာဏ်အပိုင်းအစလေးတစ်ခုအဖြစ်ယ‌နေ့ထိတိုင်
ကျန်ရှိနေဆဲပင်ဖြစ်သည်။

" Merry Christmas !! "
TV ရှေ့မှထထိုင်လိုက်ကာ ရာသီအချိန်အခါ
ကို၀မ်းပမ်းတသာကြိုဆိုနေသော ငါးနှစ်သား
လေးပင်ဖြစ်သည်။ Christmas အချိန်အခါ
တွင် TV မှထုတ်လွှင့်တတ်သော သီချင်း
အစီအစဉ်များကိုလူလားမြောက်စကလေးငယ်
လေးကအတော်ပင်သဘောကျနေပုံရသည်။

" ကလင် ကလင် "

" ဟာ ဖေဖေပြောပြတဲ့ သီချင်းဆိုသူတွေထင်တယ် "

ᴡʜᴇɴ ᴡᴇ ᴡᴇʀᴇ ʏᴏᴜɴɢ||𝚈𝙼✓Where stories live. Discover now