အခန်း(၁)

8 1 0
                                    

Unicode 🍁

စာကြည့်တိုက်မှာ ထိုင်စရာနေရာကိုမရှိ။
ချောင်နားတွေကအစ ပြည့်နေသည်။

စိတ်ညစ်စွာ လေးလံတဲ့ခြေလှမ်းတွေနဲ့အတူစာကြည့်တိုက်အပြင်ဘက်ကိုပြန်ထွက်လာခဲ့သည်။
ဆောင်း၀င်လာတာကြောင့် ညနေပိုင်းကောင်းကင်အရောင်ကအနည်းငယ်ပြောင်းလဲနေသည်။

ခပ်အေးအေးဆောင်းလေတွေကို လျစ်လျူရှူ့ရင်းအချိနိပိုင်းအလုပ်လုပ်ရာဆီသို့လျှောက်လာခဲ့သည်။

အထီးကျန်တစ်ကောင်ကြွက်ဘ၀အတွက်အချိန်တိုင်းကပျင်းဖို့ကောင်းလွန်းတယ်။

၀ယ်သူတွေကိုစျေးတွက်ပေးလိုက် မလိုတဲ့ပစ္စည်းတွေဖယ်လိုက် လိုတာတွေထည့်လိုက်နဲ့အချိန်ပိုင်းကခဏလေးနဲ့ကုန်သွားတာပါပဲ။

" အဆင်ပြေရဲ့လား WonBin?မင်းကြည့်ရတာမှိုင်းနေတာပဲ။ပင်ပန်းလို့လား။"

" မဟုတ်ရပါဘူးဗျာ။ကျွန်တော်အဆင်ပြေပါတယ်။"

သူဌေးကခေါင်းတငြိမ့်ငြိမ့်နဲ့

" မင်းညပိုင်းလုပ်တဲ့Clubကရောအဆင်ပြေရဲ့လား။လူရမ်းကားတွေနည်းနည်းများတယ်ဆို။ "

" ကျွန်တော်ကတော့အဆင်ပြေပါတယ်။ဘယ်သူနဲ့မှမငြိအောင်ကိုယ့်ဟာကိုယ်ရှောင်နေတယ်။ "

" အေးအေး ကောင်းတယ်ကောင်းတယ်။ကြိုးစားလိုက်ဦး "

သူဌေးလည်းပြန်ထွက်သွားပြီးမကြာခင်မှာနောက်တစ်ချိန်အတွက်အစား၀င်မယ့်သူရောက်လာတာကြောင့်ကမန်းကတမ်းအ၀တ်စားလဲကာ အလုပ်ရှိရာကိုပြန်ထွက်လာခဲ့ရသည်။

" ဒီညအသစ်တစ်ခုခုစမ်းမလား။ "

" ဘာတွေအဆန်းထွင်ပြန်ပြီလဲ YoungMinရာ !!!! "

" မိန်းကလေးတွေနဲ့ကစားရတာပျင်းလာပြီကွ။တစ်ခါမှမကစားဘူးတဲ့ယောကျာ်းလေးတွေနဲ့ကစားကြည့်မလား။ "

YoungMin ကမျက်စပစ်ကာပြောလာသည်။
ကျန်တဲ့ကောင်တွေကလည်းအစပိုင်းသာ၀ူး၀ူး၀ါး၀ါး
နောက်တော့လည်း လက်ခံနေကြတာပဲ။

" မင်းရော KangYun ? "

" ငါလား?ငါသဘောကျတဲ့သူတွေ့မှပေါ့။ပါလာတဲ့ထဲငါသဘောကျတဲ့သူမတွေ့ရင်တော့ဒီညစောစောပြန်မယ်။ "

EftychíaWhere stories live. Discover now