Unicode
" ဗျို့။ သူကြီး ဒီဝါးစည်းတွေ ဘယ်နားချရမတုံးဗျ။ "
" ဒီနားလေးသာ ချခဲ့ပေးပါဦးကြီးရေ။ "
ဘုန်းမြတ်တို့ အတူတကွ စီစဉ်ထားသော အလှူခံဌာနလေးအား ဒီကနေ့ပင် စတင်၍အေကာင်အထည်ဖော်ကြလေပြီ။
ဝါတွင်းကာလအတွက် ယာယီသာမို့ သစ်တွေဘာတွေနှင့် အကျအနဆောက်မနေဘဲ။ဝါးများဖြင့်သာ ခိုင်ခိုင်ခံ့ခံ့ဖြစ်အောင် ကြိုးစားတည်ဆောက်ကြတော့သည်။
" ရေခဲ ဒီဝါးလုံးတွေကို ခွဲပေးပါဦးဗျာ။ ဝါးကပ်ရက်ဖို့အတွက်။ "
" ဟုတ်ပြီ။သူကြီးလေး။ "
ဘုန်းမြတ်မှာစရာရှိသည်များကို မှာကြားကာ သအလှူခံဌာနဆောက်မည့် မြေတလင်းအားတံမြက်စည်းလှည်းရန် ထွက်သွားတော့သည်။
" ဗျို့ သူကြီး။ "
ဝါးလုံးများအားခွဲနေသော ရေခဲ အသံလာရာသို့လှည့်ကြည့်လိုက်သည်။နန္ဒ၊သူရ နှင့်အတူ ပစ်တိုင်းထောင်တို့ကို တွေသည်မို့ ခေါင်းအားမော့ကာ။
" သူကြီးဟိုဘက် မှာဗျို့။ တံမြက်စည်းလှည်းနေလို့ ခေါ်မကြားအော်မကြားဖြစ်နေတာဗျို့။ "
" ဟုတ်ပြီဗျာ။သွားအုံးမယ်။ "
ပစ်တိုင်းထောင် ရေခဲ ခွာနေသောဝါးလုံးများအား ကြည့်ပြီး။
" ကိုသူရ ဝါတွေနဲ့ဆောက်မှာလားဗျ။ "
" ဟုတ်တယ်။ထောင်ထောင်ရဲ့။ "
" အော်။ဟုတ်။ "
ခြေလှမ်း အလှမ်း ၂၀ လောက်လှမ်းပြီးသော တံမြက်စည်းလှည်းနေသော ဘုန်းမြတ်ဇေယျာအား ပစ်တိုင်းထောင်တွေ့လေသည်။ဘုန်းမြတ်မှာ ကျောပေး၍ လှည်းနေခြင်းကြောင့် ပစ်တိုင်းထောင်တို့လာနေသည်ကို မတွေ့ချေ။
သူရလည်း ဘုန်းမြတ်လှည့်ကြည့် စေလို့ငှာ အော်ခေါ်လိုက်လေသည်။" သူကြီး၊ကျွန်တော်တို့လာပြီဗျ။ "
သာမန်အချိန်တွေမှာတော့ ဘုန်းမြတ်ဟု တရင်းတနှီးခေါ်သော်လည်း ယခုမူလူအများ၏ အလယ်၌ ထိုသူ၏ သူကြီး ဟူသော အမည်နာမကို လေးစားပေးရပေမည် မဟုတ်ပါလား ။
YOU ARE READING
သူကြီးကတော်(BL)
General FictionTitle - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi